တိုက်ပွဲကာလအတွင်း ဒဏ်ရာရရှိသူတွေနဲ့ ကိုယ်လက်အင်္ဂါ ပေးလှူခဲ့တဲ့ အရာရှိ၊ အရာခံတွေကို TNLA က ဂုဏ်ပြုပွဲ ကျင်းပပေး
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ တအာင်း(ပလောင်)ဒေသ မန်တုံမြို့နယ်မှာ တိုက်ပွဲကာလအတွင်း ဒဏ်ရာရရှိသူတွေနဲ့ ကိုယ်လက်အင်္ဂါ ပေးလှူခဲ့တဲ့ အရာရှိ၊ အရာခံတွေကို ဂုဏ်ပြုပွဲ ကျင်းပပေးခဲ့တယ်လို့ TNLA က ဒီနေ့ ဧပြီ ၄ ရက် ညမှာ ထုတ်ပြန်ပါတယ်။