ရွှေဖီမြေ၊ ဧပြီ ၃ ရက်

စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ ရွေးချယ်တင်မြှောက်ပြီး သမ္မတဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ဂုဏ်ပြုကြောင်း “ဝ” တပ်ဖွဲ့ – UWSA က ဒီနေ့ ဧပြီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်စဉ် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်ခဲ့ပြီး လူမှုစီးပွားတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကာ အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုတွေကို ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

“ဝ” ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ခွဲထွက်မရတဲ့ အစိတ်အပိုင်းဖြစ်ပြီး နိုင်ငံကနေ ခွဲထွက်တာ၊ သီးခြားလွတ်လပ်ရေးကို ကြေညာမှာ မဟုတ်ကြောင်းလည်း UWSA က ဆိုပါတယ်။

ဒီနေ့ ဧပြီ ၃ ရက်မှာ စစ်ကောင်စီရဲ့ ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတရွေးချယ်ရေး ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က သမ္မတ၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစောက ဒုသမ္မတ (၁) နဲ့ ကြံခိုင်ရေးပါတီ – USDP ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးက ဒုသမ္မတ (၂) ဖြစ်လာတာပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို မဲသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၅ နှစ်အကြာမှာ ၎င်းရဲ့ စိတ်ကြိုက်လုပ်ဆောင်ခဲ့တဲ့ ရွေးကောက်ပွဲကနေ သမ္မတဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။