ရွှေဖီမြေ၊ ဧပြီ ၃ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ထိန်းချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ကပါဆိုပြီး အွန်လိုင်းပေါ်က ခြိမ်းခြောက်ကာ ငွေကြေးတောင်းခံတာတွေ ကြုံနေရတယ်လို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကစပြီး Tiktok အကောင့်တုတစ်ခုကနေ ငွေညှစ်တောင်းခံခဲ့တာဖြစ်ပြီး တောင်းခံတဲ့ ငွေမပေးရင် အသက်အန္တာရာယ်အထိပါ ခြိမ်းခြောက်သွားတာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။

“သူ့ကိုယ်သူလည်း စရဖ အဖွဲ့စည်းကပါ။ ဘာညာနဲ့ လာပြောထားပါတယ်။ သူ့အကောင့် ဘလော့လိုက်တော့ ဖုန်းဆက်လာတယ်။ သူ့အကောင့်ဖြည်ပေးဆိုပြီး ပြောလာတာ။ ကျွန်မအထင်‌တော့ အဖွဲ့အစည်းနာမည်ကို အလွဲသုံးစားလုပ်တာလားတော့ မသိဘူး”

ဒါ့အပြင် ၎င်းတို့ တောင်းဆိုထားတဲ့ ငွေပမာဏ မပေးနိုင်ရင် အိမ်အထိ လိုက်လာမယ်ဆိုပြီး ‌‌ခြိမ်းခြောက်သွားကြောင်း အဆိုပါ ကြုံတွေ့ခဲ့ရသူက ဆက်ပြောပါတယ်။

“လားရှိုးမှာက ကျန်တဲ့လူတွေလည်း ခဏခဏကြုံရတယ်ဆိုပြီး ပြောတာကြားရတယ်။ အစသူက ပိုက်ဆံပေးတဲ့။ မပေးရင် ကျွန်မပုံတွေ အကြောင်းတွေ လိုင်းပေါ်တင်မယ်တဲ့။ ကျွန်မလည်း ဘာမှ မလုပ်ထားတော့ တင်လိုက်လေလို့။ ကြိုက်သလိုလုပ် ဆိုပြီးပြောတာ။ ဖုန်းခဏခဏ‌ ဆက်လာတယ်။ နင်တို့ဘဝကို သိန်း ၃၀ နဲ့ တန်ဖိုးဖြတ်ဆိုပြီး ပြောလာတယ်”

လားရှိုးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီခွဲမှာလည်း ရပ်ကွက် (၅) ရှိ ကုန်စုံဆိုင်တစ်ခုက အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို အမျိုးသား ၃ ဦးက သေနတ်ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သိန်းထောင်ချီနဲ့ ပြန်ပေးဆွဲကာ ငွေညှစ်တောင်းခံခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နာမည်ကို အသုံးပြုပြီး လားရှိုးမြို့ပေါ်က ဆိုင်တွေထံ ငွေညှစ်တောင်းခံတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။