ဓာတ်ပုံ – RWM

သုတ၊ ဧပြီ ၃ ရက်၊ မိုးကုတ်

မန္တလေးတိုင်း မိုးကုတ်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖြစ်တဲ့ (Red Wolves of Mogok) အဖွဲ့ဟာ မိုးကုတ်မြို့နယ်ထဲကနေ ဆုတ်ခွာသွားပြီလို့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မိုးကုတ်-မိုးမိတ် စစ်ဦးစီးချုပ်ရဲ့ အမိန့်နဲ့ မိုးကုတ်မြို့နယ်ကနေ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်မှာ ဆုတ်ခွာသွားတာဖြစ်ပြီး လက်ရှိမှာ မိုးကုတ်မြို့နဲ့ အနီးဆုံးနေရာတွေမှာ စစ်အင်အားတွေ ဖြည့်တင်းထားပြီး လူထုတွေအနေနဲ့ လက်မလျော့ဖို့ အသိပေးလိုကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ဆင်မှုနဲ့ တော်လှန်ရေးတပ်တွေဘက်က လက်နက်ခဲယမ်း လိုအပ်ချက်တွေကြောင့် မိုးကုတ်မြို့နယ်ကနေ တော်လှန်ရေးတပ်တွေ အားလုံးလည်း ဆုတ်ခွာသွားပြီလို့ မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“မိုးကုတ်ကနေ အကုန်ဆုတ်ပြီ။ အဓိကတော့ မိုးမိတ်ဘက်ခြမ်း လမ်းလည်းပွင့်ပြီဆိုတော့ စစ်ရေးအရ ပိတ်မိသွားမှာ စိုးလို့ ဆုတ်လိုက်တာ ဖြစ်တယ်” လို့ ဆိုပါတယ်။

မိုးကုတ်မြို့နယ်မှာ မိုးကုတ်ဗျူဟာ၊ Red Wolves of Mogok၊ မိုးကုတ် ပကဖနဲ့ TRI ဗျူဟာအပြင် တခြား တော်လှန်ရေးတပ်တွေ အခြေစိုက်ထားပြီး စစ်ကောင်စီရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်မှာ တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေထဲကို စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

မိုးကုတ်နဲ့ မိုးမိတ်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ၄ လကျော်ကြာလာချိန်မှာ ပြန်လည် ဆုတ်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။