တာချီလိတ်မှာ ၄ လကြာ ဖမ်းဆီးခံထားရတဲ့ ကျောက်မဲမြို့နယ်က အမျိုးသမီးကို စစ်ကောင်စီတပ်က ငွေကျပ် သိန်း ၇၀ တောင်းပြီး ပြန်လွှတ်ပေး
၄ လ ဝန်းကျင်အထိ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံထားရတဲ့ ကျောက်မဲမြို့နယ်မှ အမျိုးသမီး ၁ ဦး ပြန်လွှတ်လာပြီး စစ်ကောင်စီတပ်ကို သိန်း ၇၀ ကျော် ပေးခဲ့ရကြောင်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကျောက်မဲမှာ SP(သတင်းရဲတပ်ဖွဲ့)ရဲမှူးက ဒေသခံတွေကို လက်နက်ကိုင်တွေနဲ့ ပတ်သက်တယ်ဆိုပြီး မကြာခဏလူဖမ်းပြီး ငွေညှစ်တောင်းနေ၊ အချို့ကို ငွေ ရာနဲ့ချီတောင်းပြီး ပြန်လွှတ်ပေး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ ကျောက်မဲမြို့နယ်က ဒေသခံ ၁၀ ဦး ထက်မနည်းကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ သတင်းရဲတပ်ဖွဲ့(SP)က ဖမ်းဆီးသွားပြီးတော့ ၁ ဦးကို ငွေ သိန်း ၂၀ ကနေ သိန်း ၁၀၀ အထိ တောင်းယူပြီး ပြန်လွှတ်ပေးတာလို့ ကျောက်မဲ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
UWSA က ထိန်းချုပ်ဒေသအတွင်း တရားမဝင်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ဆက်တိုက်ဖမ်းဆီး၊ ၄ လအတွင်း တရုတ်နိုင်ငံသား ၅၀၀ ကျော် ပြန်ပို့
“ဝ”တပ် – UWSA က ၎င်းထိန်းချုပ်ဒေသအတွင်းက တရားမဝင်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ ဆက်တိုက်ပြန်ပို့နေကြောင်း “ဝ” ပြည်တရားစီရင်ရေးကော်မတီ – WSP ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တရုတ်က BRI စီမံကိန်း ပြန်လည်စတင်မှာဖြစ်ပြီး လားရှိုးရှိ (ရမခ)ထဲမှာလည်း တရုတ်က စကစအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆို
တရုတ်နိုင်ငံဟာ သူတို့နိုင်ငံကနေ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ပိုးလမ်းမ ရထားလမ်းစီမံကိန်း(BRI)ကို လာမယ့် မေလထဲမှာ စတင်တော့မှာဖြစ်ပြီး စစ်ကောင်စီထိန်းချုပ်တဲ့ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ထဲမှာလည်း တရုတ်က စစ်ကောင်စီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ တရုတ်အရေးလေ့လာတဲ့ ရှမ်းမြောက်နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။