ဇီးကုန်းမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၈ ဦး သေဆုံး၊ လက်နက်တချို့ပါ သိမ်းဆည်းရမိ

ပဲခူးတိုင်း ဇီးကုန်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်က ၈ ဦး သေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်လာပါတယ်။

မူဆယ်မှာ ပြည့်တန်ဆာလုပ်ဖို့ ဖိအားပေးခံရတဲ့ အမျိုးသမီး ၃ ဦးကို လူမှုကူညီရေးအသင်းတွေ ၁၇ သိန်း ပေးပြီး ကယ်ထုတ်ခဲ့ရ

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ပြည့်တန်ဆာလုပ်ဖို့ ဖိအားပေးခံရတဲ့ အမျိုးသမီး ၃ ဦးကို လူမှုကူညီရေးအသင်းတွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နောင်ချိုမှာ အမျိုးသားတစ်ဦး မိုင်း ထပ်နင်းမိပြီး ခြေတစ်ဖက်ပြတ်၊ ကုသဖို့ ငွေကြေး အကူအညီ လိုအပ်

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် နောင်တောကျေးရွာက အမျိုးသားတစ်ဦး မိုင်း ထပ်နင်းမိပြီး ခြေတစ်ဖက် ဖြတ်လိုက်ရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ကနာည်နံင်ဘိူန်းဒေထိင်ခြဲဟာဝ်း တောပ်ဒေင် မိူင်မီတ် – တွင်းငယ်နီန် ကဲပွံတ်ဆီုက်ငါးအာရ်ကဒါႇနီန် တီုက်ဟာဝ်းဖါ်ႈ ပ္လေါည်ကတီုက်ကပဴင်နီန်မာ် ပဲန်ကရဲင်

ကဝ်အီဒဲႈဆဒါင် အ်ုန်အီဂေါည်ခေဲင်အရာပ်ကဲ က္လာင်းတဖုင်ဆျှိုည်ဖီမျေဒါႈ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒေင်အ်ုန်အီတောပ်အရေး ကနာည်လံပ်ဆီုက် ဒေင်မိူင်မီတ် ကာည်း လှံင်သပိတ်ကျင်း ဒေင်ရဝ်တွင်းငယ်နီန် ကနာည်နံင်ဘယ်ကဲဒေထိင်ခြဲဟာဝ်း ကဲဂေါည်ပွံတ်ဒေဒါ ဆီုက်ငါးအာရ်ကဒါႇနီန် တီုက်ဟာဝ်းဖါ်ႈ ပ္လေါည်ကတီုက်ကပဴင်နီန်မာ် ပဲန်ကရဲင်ခည်းအောႏ။

ကွတ်ခိုင် မုံးစီး၊ တာမိုးညဲနဲ့ တက္ကနိုင်းက တအာင်းရွာတွေကို MNDAA က ယူနီဖောင်း ၂ စုံ ပေးပြီး စစ်မှုထမ်းခိုင်း

ကွတ်ခိုင်မြို့နယ် မုံးစီး၊ တက္ကနိုင်းနဲ့ တာမိုးညဲဒေသရှိ တအာင်းကျေးရွာတွေကို ကိုးကန့်တပ်- MNDAA က ယူနီဖောင်း ဝေပေးပြီး စစ်မှုထမ်းခိုင်းနေတယ်လို့ မုံးစီးဒေသခံ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

မိုးမိတ်-တွင်းငယ် လမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်က နှစ်ဖက်ညှပ် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေ

စစ်ကောင်စီတပ်ဟာ စစ်ရေးအရ အရေးပါတဲ့ ရှမ်းမြောက် မိုးမိတ်-သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာ လမ်းပိုင်းကို ပြန်ထိန်းချုပ်နိုင်ဖို့ နှစ်ဖက်ညှပ် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ဖတ်ကာ TNLA ရဲစခန်းအနီးရှိ တအာင်းလူမျိုးရဲ့ နေအိမ်တွေကို ကိုးကန့်တပ် ဝင်ရောက် မွှေနှောက်၊ အိမ်ထဲက ပရိဘောဂပစ္စည်းတွေ ယူဆောင်သွားပြီး ကျန်ရှိပစ္စည်းတွေကို မီးရှို့ပစ်

ကချင်တပ်- KIA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာထဲက TNLA ရဲ့ ရဲစခန်းအနီးရှိ တအာင်းလူမျိုးရဲ့ နေအိမ်တွေကို ကိုးကန့်တပ်က ဝင်ရောက်မွှေနှောက်ပြီး အိမ်ထဲက ပရိဘောဂပစ္စည်းတွေ အကုန်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သိန္နီမှာ ကိုးကန့်တပ်က ရေအားလျှပ်စစ် တည်ဆောက်နေပြီး တရုတ်ရင်းနှီးမြှုပ်နှံမှု အဆမတန် များလာနေ

ရှမ်းမြောက် သိန္နီမြို့နယ် ဆိုင်ခေါင်ရွာအနီးနဲ့ နမ့်ဆလပ်ရွာမှာ ကိုးကန့်တပ်မတော်- MNDAA က ရေအားလျှပ်စစ် တည်ဆောက်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ရိုက်နှက်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာနဲ့ တအာင်းအမျိုးသမီးတစ်ဦး တရုတ်ကနေ ရန်ကုန်သို့ရောက်ရှိ၊ မိသားစုနဲ့ အဆက်အသွယ်ရဖို့ အကူအညီ လိုအပ်နေ

‎ရိုက်နှက်နှိပ်စက်ခံထားရတဲ့ တအာင်းအမျိုးသမီးတစ်ဦး ရန်ကုန် လေဆိပ်သို့ ပို့ဆောင်ခံထားရပြီး မိသားစုဝင်နဲ့ ဆက်သွယ်ဖို့ အကူအညီ လိုအပ်နေကြောင်း ခေါ်ဆောင်ထားသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မူဆယ်မှာ ကျားဖြန်လုပ်ကိုင်သူတွေကို စစ်ကောင်စီ ဖမ်းဆီး၊ ဟန်ပြ ဖမ်းဆီးခြင်းသာ ဖြစ်တယ်လို့ ဒေသခံတွေပြော

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်မှာ ကျားဖြန်လုပ်ကိုင်သူ အယောက် ၈၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။