ရွှေဖီမြေ၊ ဇွန်လ ၂ ရက်၊ နမ့်ခမ်း

မေလ ၃၁ ရက် နေ့လယ် ၁၂ နာရီခွဲမှာ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာက ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တအာင်းတပ်မတော် TNLA အနေနဲ့ စုံစမ်းစစ်ဆေးမှုကို အမြန်ဆုံး လုပ်ဆောင်ဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းကွန်ယက် TCSN က တောင်းဆိုလိုက်ပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးတဲ့ မိသားစုဝင်တွေနဲ့ နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဒေသခံတွေအတွက် နစ်နာကြေး၊ ပြည်လည်ထူထောင်ရေး၊ လူမှုဘဝ ပြန်လည်တည်ဆောက်နိုင်ဖို့ အမြန်ဆုံးဆောင်ရွက်ပေးဖို့လည်း TCSN ရဲ့ မနေ့ ဇွန်လ ၁ ရက် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီနေ့ ဇွန်လ ၂ ရက်အထိ စာရင်းအရ သေဆုံးသူ ၆၀ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“မနေ့အထိတော့ ၅၆ ယောက် သေဆုံးတာ။ ဒီနေ့မှ ထပ်တိုးလာတာပေါ့။ ဆေးရုံမှာလည်း ၂ ယောက် စိုးရိမ်ရတဲ့ အခြေအနေရှိနေပါတယ်။ ပိတ်မိနေသူလည်း ရှိသေးတယ်။ မိသားစုဝင်တွေက လူတွေ ပျောက်နေသေးကြောင်းတွေ ပြောတယ်” လို့ ဆိုပါတယ်။

တအာင်းတပ်မတော် TNLA ကတော့ ဒီယမ်းဂိုဒေါင် ပေါက်ကွဲမှု ဖြစ်စဉ်အတွင်း သေဆုံးသူ ၄၃ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁၂ ဦး၊ အဲထဲမှာမှ ပြင်းထန်ဒဏ်ရာရရှိသူ ၃၇ ဦးရှိတယ်လို့ မနေ့ ဇွန်လ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ထိခိုက်ခံစားနေရတဲ့ ဒေသခံတွေနဲ့အတူ လိုအပ်တဲ့ လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့တွေ ရရှိစေဖို့ ဖော်ဆောင်ရေးလုပ်ငန်းတွေကို အတူတကွ လုပ်ဆောင်သွားမယ်လို့ တအားအရပ်ဘက်အဖွဲ့အစည်းကွန်ယက်က ဆိုထားပြီး တအာင်းပြည်ကောင်စီ TLC ကလည်း ယမ်းပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်သူတွေကို အရေးယူပေးဖို့နဲ့ ထိခိုက်သူတွေကို ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။