မိုင်းရူပ၊ ဇွန်လ ၂ ရက်
တအာင်းပြည် ပညာရေးကောင်စီ (TLEC) ရဲ့ စာသင်ကျောင်းတွေကို တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ဒေသတွေမှာ လာမယ့် ဇွန်လ ၈ ရက်ကနေ စတင်ပြီး ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
ကျောင်းအပ်လက်ခံတာကိုတော့ မနေ့ ဇွန်လ ၁ ရက်ကစပြီး လာမယ့် ဇွန်လ ၇ ရက်အထိ လက်ခံသွားမှာဖြစ်တယ်လို့ နမ့်ဆန်မြို့မှာ တာဝန်ကျတဲ့ ကျောင်းဆရာမတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မနေ့ကမှ ကျောင်းအပ်စလက်ခံတာဆိုတော့ ကျောင်းလာအပ်နှုန်းက နည်းသေးတယ်။ ၇ ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမယ်။ ၈ ရက်နေ့ဆို ကျောင်းစဖွင့်ပြီ” လို့ ဆိုပါတယ်။
စာသင်ကျောင်းတွေကို ကွတ်ခိုင်မြို့နယ်ထဲက စာသင်ကျောင်းတွေကလွဲပြီး ကျန်ကျောင်းအားလုံးကို ဖွင့်လှစ်သွားမယ်လို့ TLEC ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
TLEC ကို ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး တအာင်းတပ် ထိန်းချုပ်ထားတဲ့ ဒေသတွေနဲ့ ဝေးလံခေါင်သီဒေသတွေမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ စာသင်ကျောင်းတွေကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ TLEC က ကျောင်းပေါင်း ၅၀၀ ကျော် ဖွင့်လှစ်ပေးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။