Browsing Tag
Lashio
319 posts
TNLA နဲ့ AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ ဦး လက်နက်ချအလင်းဝင်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်
မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ တအာင်းတပ် – TNLA၊ ရခိုင်တပ် – AA နဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် – MDY PDF တို့ တပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၆ဦး ကျော် လက်နက်ချအလင်းဝင်ခဲ့ဆိုပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲသံတွေကြောင့် အီနိုင်းရွာခံ အများစု တိမ်းရှောင်နေကြ
ကိုးကန့်တပ် ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းကျေးရွာမှာ ပေါက်ကွဲသံတွေ နှစ်ရက်ဆက်တိုက် ကြားနေကြရတာကြောင့် ရွာခံအများစုက စိုက်ပျိုးခြံထဲသို့ ခေတ္တရှောင်နေကြရကြောင်း ရွာခံအမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
TNLAနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို အကုန်လာအပ်ဖို့ နမ့်ဖတ်ကာ နဲ့ ၁၀၅ မိုင် ပြည်ထောင်စုလမ်းမပေါ်ရှိ တအာင်းကျေးရွာတွေကို MNDAA လိုက်သတိပေးနေ၊ တအာင်းလူမျိုးတွေရဲ့ အိမ်ထောင်စုစာရင်းကိုလည်း လိုက်လံပြုစု
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာနဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင် ပြည်ထောင်စုလမ်းမပေါ်ရှိ တအာင်းရွာတွေကို ကိုးကန့်တပ်-MNDAA က တအာင်းတပ်-TNLA ယူနီဖောင်းနဲ့ သေနတ်တွေ အကုန်လာအပ်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ယူပြီး ပြောဆိုထားတာရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းမပေါ်ရှိ KIA ဂိတ်တွေကို ဂိတ်များတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားပေးဖို့ MNDAA ဘက်က ပြောဆိုထား
ရှမ်းမြောက် ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်- MNDAA က တအာင်းတပ်- TNLA ရဲ့ လက်ထဲကနေ သိမ်းယူပြီးနောက် မူဆယ်-လားရှိုး လမ်းမပေါ်က ကချင်တပ်မတော်- KIA ရဲ့ ဂိတ်တွေကို ဂိတ်များတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မနေ့ မတ်လ ၁၆ ရက် နေ့လယ်ပိုင်းကစ ဖယ်ရှားပေးဖို့ MNDAA ဘက်က တရားဝင် လာပြောထားကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်အစိုးရသစ်လက်ထက် ပြည်ထောင်စုလမ်းမကြီး ပွင့်ဖို့အတွက် တရုတ်က ကိုးကန့်ကို လမ်းရှင်းလင်းခိုင်းထားခြင်းဖြစ်ပြီး လမ်းမပေါ်ရှိ KIAအပါအဝင် အခြားလက်နက်ကိုင်လည်း လမ်းမပေါ်ကနေ ဖယ်ပေးရမှာဖြစ်တယ်လို့ ဆို
လက်ရှိ ကိုးကန့်တပ်-MNDAAတပ်က တအာင်းတပ်-TNLAကို အကြီးအကျယ်ထိုးစစ်ဆင်ရခြင်းဟာ လက်ရှိ စစ်ကောင်စီဦးဆောင်နေတဲ့ စစ်အစိုးရသစ်လက်ထက်မှာ ပြည်ထောင်စုလမ်းမကြီးပွင့်ဖို့အတွက် တရုတ်အစိုးရက ကိုးကန့်တပ်ကို အသုံးချနေခြင်းဖြစ်တယ်လို့ ဒီအရေးကိုလေ့လာသုံးသပ်နေတဲ့ နိုင်ငံရေးသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကိုးကန့်တပ်က လားရှိုးကနေ နမ္မတူဘက် ဖြတ်သန်းသွားလာခွင့်ကို ထပ်ပိတ်ပြန်၊ ကားအများအပြား ထပ်ပိတ်မိနေ
ကိုးကန်တပ်-MNDAAက သူတို့ထိန်းချုပ်ထားတဲ့ လားရှိုးကနေ တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ နမ္မတူနဲ့ဆက်သွယ်ထားတဲ့ အီနိုင်းတံတားပေါ် ကားဖြတ်သန်းခွင့်ကို ထပ်မံပိတ်လိုက်ပြီလို့ ခရီးသည်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။