ဓာတ်ပုံ – CJ

မိုင်းအရှိုင်း၊ မတ်လ ၁၄ ရက်၊ နမ္မတူ

ကိုးကန်တပ်-MNDAAက သူတို့ထိန်းချုပ်ထားတဲ့ လားရှိုးကနေ တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ နမ္မတူနဲ့ဆက်သွယ်ထားတဲ့ အီနိုင်းတံတားပေါ် ကားဖြတ်သန်းခွင့်ကို ထပ်မံပိတ်လိုက်ပြီလို့ ခရီးသည်တစ်ဦးက ရွှေဖီ​မြေကို ပြောပါတယ်။

“ဒီမနက် မတ်လ ၁၄ ရက် ပြန်ပိတ်လိုက်ပြီတဲ့။ ကိုးကန့်စစ်သားတွေကပြောတယ်။ ဟိုဘက်မှာ တိုက်ပွဲဖြစ်နေတယ်။ လက်နက်ကြီးတွေ ကားထိမှန်မှာစိုးလို့ ကားသမားတွေကို ပြန်လှည့်ခိုင်းတာ”

ဒီနေ့ မတ်လ ၁၄ ရက် မနက်ပိုင်းမှာပဲ အီနိုင်းတံတားမှာ ဆိုင်ကယ်ကလွဲပြီး ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေကို MNDAA က အခုလိုဖြတ်သန်းခွင့်ပြန်ပိတ်ပင်လိုက်တာကြောင့် ကား​အများအပြား မိတ်မိနေတယ်ဆိုပြီး သတင်းရင်းမြစ်က ရွှေဖီ​မြေကိုပြောပါတယ်။

အဲဒီအီနိုင်းတံတားဟာ လားရှိုးနဲ့ နမ္မတူမြို့ကို ဆက်

သွယ်ထားတဲ့ အဓိက ကုန်သွယ်လမ်းတံတားဖြစ်ပြီး ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ ပဋိပက္ခကြောင့် ကိုးကန့်တပ်က တအာင်းဒေသထဲ ကုန်စည်စီးဆင်းမှု အဲဒီတံတားကနေ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။