ရွှေဖီမြေ၊ မတ်လ ၁၉ ရက်၊ လားရှိုး

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မြို့ခံတွေက ရပ်ကွက်အတွင်း လိုက်ခိုးနေတဲ့ သူခိုး ၂ ဦးကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးရမိခဲ့ကြောင်း ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဒီနေ့ မတ်လ ၁၉ ရက် မနက် အစောပိုင်းမှာ လားရှိုးမြို့ ရပ်ကွက် (၁၁) နေခြည်ကျောင်းအနီးက နေအိမ်တစ်ခုထဲမှာ မီးစက်နဲ့ မီးကြိုး ဖြုတ်ဖို့လုပ်နေတဲ့ သူခိုး ၂ ဦးကို ရပ်ကွက်နေ လူထုတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

‎ရပ်ကွက်နေ အမျိုးသမီးက “သူတို့ ၂ ယောက်က ဗမာစကားပြောတာ။ ခိုးဖို့လုပ်နေချိန် အဲတာကို မိသွားလို့ လိုက်ဖမ်းတာ။ သူတို့က ဟိုပုန်းဒီပုန်းနဲ့ ခဏအတွင်း ဖမ်းမိသွားတာ” လို့ ပြောပါတယ်။

‎အဲဒီသူခိုး ၂ ဦးဟာ အသက် ၁၈ နှစ်အရွယ်နဲ့ အသက် ၂၅ နှစ်အရွယ်ရှိသူတွေဖြစ်ပြီး လက်ရှိမှာ သူတို့နှစ်ဦးကို ရဲစခန်းက လာရောက် ခေါ်ဆောင်သွားပြီဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ဆိုပါတယ်။

‎လားရှိုးမှာ ခိုးဆိုးလုယက်မှုတွေ ပေါများနေပေမဲ့ သက်ဆိုင်ရာက ဖမ်းဆီးအရေးယူနိုင်တာ အားနည်းပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လကလည်း လားရှိုးမြို့ ရပ်ကွက် (၁၂) မှာ ပစ္စည်းတွေ လိုက်လံခိုးယူတဲ့ သူခိုး ၂ ဦးကို ဒေသခံတွေ ဝိုင်းဝန်းဖမ်းဆီးရမိတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

‎ဒါ့အပြင် လားရှိုးမြို့မှာ ခိုးမှုတွေအပြင် ပြန်ပေးစွဲမှု၊ လုယက်မှု၊ ဓါးပြတိုက်တာတွေ မကြာခဏ ဖြစ်ပွားနေတာကိုလည်း တွေ့နေရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။