Browsing Tag
Lashio
319 posts
လားရှိုး ဟူးမွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်အဖြစ် မဲအနိုင်ရခဲ့သူကို အုပ်ချုပ်ရေးမှူးအဟောင်းက နေရာမဖယ်ပေး
ရှမ်းမြောက် လားရှိုးမြို့နယ် ဟူးမွန်ကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးအသစ် ဆန္ဒမဲနဲ့ ရွေးချယ်မှုပြုလုပ်ခဲ့ပြီး ဒေသခံတွေရွေးချယ်တင်မြှောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးအသစ်ကို ကိုးကန့်တပ် – MNDAA နဲ့ ပက်သက်မှုရှိလို့ဆိုပြီး အုပ်ချုပ်ရေးမှူးဟောင်းက နေရာမဖယ်ပေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လားရှိုးမှာ ဆိုင်ကယ်လုယက်သူတွေကို ပိုင်ရှင်ဖြစ်သူက ဓားနဲ့ခုတ်သတ်လို့ တစ်ဦးသေဆုံး၊ ဆိုင်ကယ်ပိုင်ရှင်ကို လူသတ်မှုနဲ့ စစ်ကောင်စီဖမ်းဆီးထား
စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၅) မှာ ဆိုင်ကယ်လုယက်သူတွေကို ပိုင်ရှင်ဖြစ်သူက ဓားနဲ့ခုတ်သတ်လို့ တစ်ဦးသေဆုံးသွားတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက စက်သုံးဆီခွဲတမ်းမပေးတာကြောင့် ရှမ်းမြောက် ဆီစျေးက ပြည်မထက် စျေး ၂ ဆကျော် မြင့်တက်နေ
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မန္တလေး၊ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ စက်သုံးဆီစျေးတွေ ဆက်တိုက်ကျနေပေမယ့် ရှမ်းမြောက်ကို စစ်ကောင်စီတပ်ဘက်က ဆီခွဲတမ်းမပေးတာကြောင့် ပြည်မကထက် စျေး ၂ ဆကျော် မြင့်တက်နေတယ်လို့ သိရပါတယ်။
Regime arrests gold business owner after February armed robbery in Lashio, locals say
According to local sources, junta security personnel arrested the owner of a gold refinery business early on July 2 in Ward No. 4, Lashio, a town controlled by the regime, in connection with a robbery that took place on February 1.
လားရှိုးက ရွှေ ၅ပိဿာခန့် ဓားပြတိုက်ခံရမှုမှာ ဓားပြတွေကို မဖမ်းမိပေမယ့် ဓားပြတွေကို သေနတ်နဲ့ပြန်ပစ်လို့ဆိုပြီး ဓားပြတိုက်ခံရတဲ့ အိမ်ရှင်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွား
စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ရပ်ကွက် (၄) မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဓားပြတိုက်ခံခဲ့ရတဲ့ ရွှေလုပ်ငန်းအိမ်ရဲ့ အိမ်ရှင်ကို ဇူလိုင်လ ၂ ရက်နေ့ မနက်အစောပိုင်းမှာ စစ်တပ်က လာရောက်ဖမ်းဆီးရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အီနိုင်းရွာက အမျိုးသား ၄ ဦးကို မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ကိုးကန့်တပ် ဖမ်းဆီး၊ စစ်ယူနီဖောင်း ဝတ်ဆင်ခိုင်းပြီး ဂိတ်စောင့် လုပ်ခိုင်း
ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းရွာခံ ၄ ဦးကို မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ကိုးကန့်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ယူနီဖောင်း ဝတ်ဆင်ခိုင်းပြီး ဂိတ်စောင့်အဖြစ် လုပ်နေရကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
Lashio Drug Suspects Released After Junta Shakes Them Down for Hundreds of Thousands
The junta’s Anti-Narcotics Task Force arrested two drug dealers in Lashio, northern Shan State—a town currently back under the regime control—only to release them after taking a bribe of millions of kyats, according to the local sources familiar with the incidents.
မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်တဲ့ လားရှိုးဒေသခံ ၂ ဦးကို စစ်တပ်က ဖမ်းဆီးပြီး သိန်းရာချီ ယူပြီးနောက် ပြန်လွှတ်ပေး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်နေသူ ၂ ဦးကို စစ်ကောင်စီ လက်အောက်ခံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့က ဖမ်းပြီး ငွေသိန်းရာချီ ယူကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။