ဆျှိုည်ဖီမျေ၊ ကျံရ်ဇူန်လည် ဆငည်း 15၊ လာဆေဝ်
ဘဝ်ရမာကဲ ကိက်ဟြာင်းတေဲင်အောန်လဴင်ဒါႈ ဘံန်ဟောည်ႇကတူႈကငျား လည်ကမိုန် တံပ်ကိုးကာင်း – MNDAA ကဲကာည်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပဆင်နှစ်ကောင်ဟိုတယ် ကီုင်းလာဆေဝ်နီန် ကဒါႇတံပ်ကိုးကာင်းကဲ ဟည်ပ္လေႈႎီရ်ဘိုး ဆီုက်ပ်ုန်ဘိူန်းကဲတတိုည်းအူန်း 41အီးနီန်အောႏ။
ဘဝ်ရမာဆီုက်ကဲအူအီး ကိက်ဟြာင်းဒါႈ “ခည်ကျံရ်ဇူန်လည် ဆငည်း 14ဒိူန် 9/100 ကဲအီရောတ်စာ်မ်းပကီုင်းလာဆေဝ်ကဲနီန် 16အီး၊ ပတိုက်စည်း 25အီး ကစုကပိုမ်မိုႈ 41အီး”
အ်ုန်ကိက်အူန်းဘိုးဒါႈ ခေဲင်စြာင်းပ်ုန်ပ္လေႈႎီရ် တံပ်ကိုးကာင်းကဲနီန် အာဝ်တောပ်စိ ဖုင်ပလိက် မိုႈလိူည်ဆီုက်ကဲအောႏ။
တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲနီန် တဒဲႈဘိုးရဲင် ကနာည်နှာင်းတံပ်ကိုးကာင်းကဲ အာပ်ႎီရ်ကီုင်းတေင်နီ အ်ုန်အီမိုႈပ်ုန်ဒါ့်ထိင်ခြဲအူန်း တံပ်ကိုးကာင်းကဲ မိုႈလိူည်တံပ်ကိုးကာင်းကဲ ညှံမ်အာပ်စိ ဆီုင်ဒါ့်ပ္လေႈႎီရ်လိူည် ဆီုက်ပ်ုန်တိုည်းအူန်းကဲဒီန်အောႏ။
တံပ်ကိုးကာင်းကဲ ဟည်ပ္လေႈႎီရ် ဆီုက်ကညာအာဏာဆီုက်ဇေဝ် ပ်ုန်တိုည်းအူန်းကဲ 1ဟြဲင်အီးလေႈယာ့်အောႏ။
ဘာည်းလိူည်ဒီန် ခည်ကျံရ်ဇူန်လည် ဆငည်း 9ဒိူန်မာ် ဘံန်ဟောည်ႇဇောႈပဒူႈ ရှော့တိုက်ဒုံးနီန် ခေဲင်ကီုင်းလာဆေဝ် 3ပိုင်းအာဝ်ယောမ် ဆဒါင်ဟည်လေႈဒေဲႈ ဒါႈမိုႈ MNDAA ကဲ ဟည်က္လိုတ်ႎီရ်ဖါ်ႈဒါႇကီုင်းတေင်နီ နံင်အာပ်ႎီရ်တ အဆိုးယပ်ုန်ရံရ်ႈ ကူန်ရဝ်မာဂါင်ကဲအောႏ။
ကဝ်အီကပ္လါႇဘေဲႇဆဒါင် – Lway N Tra
~ ~ ~
ဆဒါင်ဖုင်ယဲဆျှိည်ဖီမျေနီန် အာဝ်ႎံန်း ခေဲင် Facebook ကာည်း Website ဘိူန်းဘိုးဒီရ်ႈ၊ ဆဒံင်တငါဝ်း ခေဲင် ချှံန်နယ် ပ်ုန်ကိက်ပ္လေႈ ရခြူမ်ကဲနီန်အောႏ။