ကျောက်မဲမြို့အဝင် ပါပုတ်ရွာမှာ စစ်တပ်နဲ့ SSPP တပ်က ပူးပေါင်းပြီး ဖြတ်သန်းသမျှ ကုန်ကားတွေထံ ငွေသိန်းဆယ်ချီ တောင်းခံနေ

စစ်ကောင်စီ ပြန်ထိန်းချုပ်တဲ့ ရှမ်းမြောက်က မိုင်းငေါ့ကနေ ကျောက်မဲမြို့အဝင် ပါပုတ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်က ပူးပေါင်းပြီး ဖြတ်သန်းသမျှ ကုန်ကားတွေကို ငွေ ၅ သိန်းက‌နေ ၁ဝ သိန်းအထိ တောင်းခံနေတယ်လို့ ကြုံခဲ့ရတဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တအာင်းလူငယ်ဖိုရမ်ကျင်းပပြီး တအာင်းလူငယ်နေ့ သတ်မှတ်

တအာင်းလူငယ်ဖိုရမ်ကို တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ TSYU က ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်တုန်းက နမ့်ခမ်းမြို့မှာ ၂ ရက်သာ ကျင်းပခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်ကို တအာင်းလူငယ်နေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်။

ခမ်းနားတဲ့ ၆၃ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့နဲ့ အသိအမှတ်ပြုခံရဖို့ လိုအပ်နေသူများ

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ရက်နေ့ဟာ တအာင်းတို့ တမျိုးသားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ဖို့ တော်လှန်ရေးတိုက်ပွဲ ဆင်နွဲလာတာ ၆၃ နှစ်ပြည့်တဲ့ နေ့ရက်ဖြစ်ပြီး အဲနေ့ကို အကြောင်းပြုပြီး PSLF/TNLA က စစ်ရေးပြ အခမ်းအနားအပါအဝင် ပျော်ပွဲရွှင်ပွဲ အကြီးအကျယ် ပြုလုပ်ခဲ့ပါတယ်။

လစာအများကြီးရတဲ့ “ဝ”ပြည် မက်မန်းရှိ သတ္ထုတွင်းမှာ မကြာခဏမြေပြိုလို့ လူသေဆုံးမှု မြင့်တက်နေ

‘ဝ’တပ် UWSA ထိန်းချုပ်တဲ့ ရှမ်းမြောက် မက်မန်းမြို့မှာရှိတဲ့ သတ္ထုတွင်းမှာ မြေပြိုမှု မကြာခဏဖြစ်ပွားတာကြောင့် လူသေဆုံးမှု မြင့်တက်လာနေတယ်လို့ သတ္ထုတွင်းမှာ အလုပ်လုပ်နေတဲ့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

၁၀၅ မိုင် မိုင်းယုမှာ မီးဖိုကနေတဆင့် မီးလောင်ပြီး အမျိုးသမီး ၁ ဦး သေဆုံး

ရှမ်းမြောက် မူဆယ်မြို့နယ် ၁၀၅ မိုင် မိုင်းယုမှာ မီးဖိုကနေတဆင့် မီးလောင်မှုဖြစ်ပွါးပြီး နေအိမ်ရှိ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံ အမျိုးသမီး ၁ ဦးက ရွှေဖီမြေကို ပြောပါတယ်။

ခလရ – ၁၄၈ တပ်အပါအဝင် မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းနေရာအများစုကို စစ်ကောင်စီ ပြန်ထိန်းချုပ်

မိုင်းရူပ၊ ဇန်နဝါရီ ၁၅ ရက် မန္တလေးတိုင်း မိုးကုတ်- သပိတ်ကျင်းလမ်းပေါ်ရှိ ခြေလျင်တပ်ရင်း ခလရ – ၁၄၈ တပ်အပါအဝင်…

ရှမ်းမြောက်က ကျပ်ဘီလျံထောင်နဲ့ချီ တန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ တရုတ်အကူအညီကြောင့်လို့ စစ်ကောင်စီဆို

ရှမ်းမြောက် သီပေါနဲ့ မိုင်းရယ်မြို့နယ်ထဲက ကျပ် ၁၅၀၀ ဘီလျံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာတွေကို ဝင်ရောက်ရှင်းလင်းနိုင်ခဲ့တာဟာ တရုတ်နိုင်ငံရဲ့ အကူအညီအများကြီးပါဝင်တယ်လို့ စစ်ကောင်စီတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

တောင်ကုတ်နဲ့ ဂွမြို့မှာ စစ်ဘေးရှောင် လူငယ်တစ်ဦးအပါအဝင် နှစ်ဦး လုယက်သတ်ဖြတ်ခံရ

အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်နဲ့ ဂွမြို့နယ်မှာ စစ်ဘေးရှောင် လူငယ်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦး လုယက်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက တရုတ်ပစ္စည်းတွေ ဆက်တိုက်ဖမ်းဆီးနေတာကြောင့် အောက်ဘက်ပိုင်းမှာ ကားအပိုပစ္စည်းတွေ ဈေးမြင့်နေ

စစ်ကောင်စီတပ်က တရုတ်နယ်စပ်ဘက်က ဝင်လာတဲ့ ကုန်ပစ္စည်းတွေကို ကုန်စည်စီးဆင်းရာ လမ်းကြောင်းတလျှောက် ဆက်တိုက်ဖမ်းဆီး စစ်ဆေးနေလို့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာ ကားအပိုပစ္စည်းတွေ ရှာရခက်လာကာ ဈေးမြင့်တက်နေကြောင်း ကုန်သည် ကားသမားတွေဆီက သိရပါတယ်။

သီပေါတံတား ၂ လကြာတဲ့အထိ ပြန်မဖွင့်သေး၊ တံတားပိတ်တာဟာ ငွေတောင်းယူဖို့အတွက် ဖြစ်နေပြီး စစ်ကောင်စီက တစ်ရက်ကို ငွေသိန်းရာချီ ရနေ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ အပြန်အလှန် ပိတ်ဆို့ထားတဲ့ သီပေါတံတား ပြန်မဖွင့်ပေးတာကြောင့် ဒေသခံတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ သီပေါမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။