ရွှေဖီမြေ၊ ဧပြီ ၂၄ ရက်

စစ်ကောင်စီရဲ့ လက်အောက်ခံ ဝါဒဖြန့်ချီရေးယန္တရားဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်မှာ ချင်းပြည်တွင်းသတင်းဌာနတွေဖြစ်ကြတဲ့ မျက်မှောက်ခေတ် (Nowaday News) ၊ Chin World နဲ့ Khonuthung Media တို့ကို လိုင်စင်ပိတ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုမှု လိုင်စင်ရုတ်သိမ်းတာနဲ့ပက်သက်ပြီး “မျက်မှောက်ခေတ်” သတင်းဌာနရဲ့ အယ်သီတာအဖွဲ့က စစ်ကောင်စီအနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးလို့ရမှာ မဟုတ်ကြောင်း အချက် ၄ ချက်ပါတဲ့ သကဘောထားတုံ့ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ယခုပိတ်သိမ်းကြောင်း ထုတ်ပြန်ချက်ဟာ တရားဝင်မှုမရှိသလို “မျက်မှောက်ခေတ်” အနေနဲ့လည်း အဲဒီထုတ်ပြန်ချက်အပေါ် အလေးထား ဂရုပြုနေမှာ မဟုတ်ဘဲ ပြည်သူလူထု သိသင့်သိထိုက်တဲ့ အမှန်တရားတွေ၊ မြေပြင်သတင်းတွေကို ဘယ်လိုအတားအဆီးရှိရှိ နည်းလမ်းမျိုးစုံနဲ့ ဆက်လက်သတင်းထုတ်လွှင့် တင်ဆက်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

မိမိတို့ (မျက်မှောက်ခေတ်) သတင်းဌာနဟာ ဘယ်လိုဖိအားအောက်မှာပဲဖြစ်ဖြစ် ပြည်သူ့ဘက်ကနေ ရပ်တည်ပြီး သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ အမှန်တရားကို ဖော်ထုတ်သွားမယ်ဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ ယခင်တုန်းကလည်း ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီအပါအဝင် ပြည်တွင်းသတင်းဌာနအများစုရဲ့ သတင်းထုတ်လုပ်ခွင့် လိုင်စင်တွေကို ပိတ်သိမ်းခဲ့ပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။