သိန္နီကနေ ကွတ်ခိုင်ဘက်တက်မယ့် ကုန်ကားအားလုံးကို သိန္နီမှာ ကိုးကန့်တပ်က ပိတ်ဆို့ထား၊ ကားတွေ နာရီနဲ့ချီ တန်းစီစောင့်ဆိုင်းရ

ဒီနေ့ မတ်လ ၇ ရက်ကစပြီး သိန္နီကနေ ကွတ်ခိုင်ဘက် ကုန်ကားတွေကို ပေးမဖြတ်တော့ဘဲ သိန္နီတိုးဂိတ်မှာ ကိုးကန့်တပ်- MNDAA က အကုန်လုံး ပိတ်ဆို့ထားပြီး ကားတွေလည်း နာရီနဲ့ချီ တန်းစီစောင့်ဆိုင်းနေရတယ်လို့ ကြုံတွေ့ခဲ့ရတဲ့ ကားသမားတွေက ပြောပါတယ်။

PNO က ဖမ်းဆီးသွားတဲ့ မောက်မယ်မြို့နယ် ဒုံပုံးရွာခံ ၃ ဦးထဲက ၂ ဦးကို‌‌ ပစ်သတ်ပြီး ကျန်တစ်ဦးကို ငွေ ၂၈ သိန်းနဲ့ ပြန်ရွေးခိုင်း

ရှမ်းတောင် မောက်မယ်မြို့နယ် ဒုံပုံးကျေးရွာခံ ၃ ဦးကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က ဖမ်းဆီးသွားခဲ့တယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ သုံးရက်အတွင်း ကား ၃ စီးနဲ့ ဆိုင်ကယ် ၂ စီး ခိုးယူခံရပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာ မရှိသေး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ သုံးရက်အတွင်း ကား ၃ စီးနဲ့ ဆိုင်ကယ် ၂ စီး ခိုးယူခံရပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

နမ္မတူမှာ စက်သုံးဆီ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြစ်နေပြီး အကန့်အသတ်နဲ့ ရောင်းပေးတဲ့ဆိုင်မှာ တစ်လီတာကို ၆ ထောင် ရောင်းချ

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ စက်သုံးဆီ တစ်လီတာကို ၆ ထောင်ကနေ ၁ သောင်းခွဲအထိ ကြိုက်ရောင်းကြိုက်ဝယ်အဖြစ် ရောင်းချနေကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နမ္မတူမှာ PSLF/TNLA က ကားလိုင်စင် စတင်လုပ်ဆောင်နေပြီး လိုင်စင်ခကို အနည်းဆုံး ၃ သိန်းကနေ ၈ သိန်းအထိ ပေးရ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ မော်တော်ယာဉ် မှတ်ပုံတင် ကြီးကြပ်ရေးအဖွဲ့- VRT က ကားလိုင်စင် စတင်လုပ်ဆောင်ပေးနေပြီလို့ သိရပါတယ်။

အီရန် ပဋိပက္ခမှာ ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ စစ်ကောင်စီ တိုက်တွန်း

လက်ရှိ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲပဋိပက္ခအတွင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ မတ်လ ၆ ရက်မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လာပါတယ်။

တောင်ကုတ်မြို့နယ်မှာ တစ်ရက်အတွင်း စက်သုံးဆီဆိုင် ၂ ဆိုင် မီးလောင်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ တစ်ရက်အတွင်း စက်သုံးဆီဆိုင် ၂ ဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မှာ စက်သုံးဆီဈေး အဆမတန် မြှင့်တက်နေပြီး တစ်လီတာ မပြည့်တဲ့ တစ်ဗူးကို တစ်သောင်းခွဲအထိ ဈေးတက်

မန္တလေးတိုင်း မိုးကုတ်မြို့မှာ စက်သုံးဆီဈေး အဆမတန် မြှင့်တက်နေပြီး တစ်လီတာ မပြည့်တဲ့ တစ်ဗူးကို တစ်သောင်းခွဲအထိ ဈေးမြှင့်တက်လာတယ်လို့ မိုးကုတ်ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းကိုင် လွယ်ခွုင်ရွာ ဘုန်းကြီးကျောင်း မီးလောင်လို့ အိပ်ပျော်နေတဲ့ ကိုရင် ၄ ပါး ပျံလွန်တော်မူ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က ရှမ်းတောင် မိုင်းကိုင်မြို့နယ် နောင်စံဖူးကျေးရွာအုပ်စု လွယ်ခွုင်ကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်လို့ ကျောင်းထဲ ရှိနေတဲ့ ကိုရင်ငယ် ၄ ပါး ပျံလွန်တော်မူခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မိုးကုတ် ရွှေလိပ်ပြာဟိုတယ်မှာ အလုပ်လုပ်တဲ့ အမျိုးသား ၃ ဦး ပျောက်ဆုံးနေ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းက ရွှေလိပ်ပြာဟိုတယ်မှာ အလုပ်လုပ်တဲ့ ရေဝေကျေးရွာက အမျိုးသား ၃ ဦး ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ရွှေဖီမြေကို ပြောပါတယ်။