ဓာတ်ပုံ- Local

ပို့လဘား၊ ဇွန်လ ၂၉ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူပေါက်ဂိတ်နဲ့ နန်းတော်ပေါက်ဂိတ်ကနေ တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်း သယ်ယူသူအချင်းချင်း စကားများရန်ဖြစ်ရင် အရေးယူသွားမယ်လို့ တရုတ်ဘက်က စာထုတ်ပြန်ကာ သတိပေးထားပါတယ်။

ဆင်ဖြူပေါက်မှာ ပစ္စည်းသယ်ယူလုပ်ကိုင်သူအချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားတာတွေ မဖြစ်စေဖို့ တရုတ်အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာ သတိပေးစာ လာကပ်ခဲ့တယ်လို့ ပြောပါတယ်။

“နေ့တိုင်း နေရာလုပြီး ရန်ဖြစ်နေကြတာ။ ရန်မဖြစ်တဲ့ရက်ကို မရှိဘူး။ နေရာလုပြီး တစ်ယောက်နဲ့တစ်ယောက်ရဲ့ အထုပ်တွေလည်း မှားယူနေကြတယ်။ အခုက တရုတ်ဘက် စာ လာကပ်သွားတယ်။ ရန်ဖြစ်ရင် ထောင်ကျခံရမယ်” လို့ ကျယ်ဂေါင်မှာ ကုန်ပစ္စည်း တင်သွင်းနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တရုတ်ဘက်က သတိပေးထုတ်ပြန်တဲ့စာထဲ ကုန်ပစ္စည်းသယ်ထုတ်သူအချင်းချင်း စကားများရန်ဖြစ်ခြင်းနဲ့ လက်နက်ကိုင်ဆောင်ခြင်း မပြုလုပ်ကြဖို့ တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲရှိ ပြည်သူ့လုံခြုံရေးဌာနက သတိပေးထုတ်ပြန်ထားတာဖြစ်ပြီး ဥပဒေချိုးဖောက်ရင် ပြင်းထန်တဲ့ပြစ်ဒဏ် ချမှတ်ခံရမယ်လို့ ဖော်ပြထားပါတယ်။

ထုတ်ပြန်ထားတဲ့စာအရ သူတစ်ပါးကို ရိုက်နှက်ကျူးလွန်ရင် ထောင်ဒဏ် ၅ ရက်ကနေ ၁၅ ရက်အထိ ကျခံရမှာဖြစ်သလို ဒဏ်ငွေ ယွမ် ၂ ထောင်အောက်လည်း ဆောင်ရမှာဖြစ်ပြီး ဆေးကုသစရိတ်‌ကိုလည်း ပေးဆောင်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အချင်းချင်း ရိုက်နှက်မှုကြောင့် ဒဏ်ရာ ရရှိခဲ့သူရှိရင် ထောင်ဒဏ် ၃ နှစ်အောက် ကျခံရမှာဖြစ်သလို လျော်ကြေးအ‌နေနဲ့လည်း ပေးဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဆင်ဖြူ‌ပေါက်ကနေ မူဆယ်မြို့ဘက် ပစ္စည်းသယ်ထုတ်ဖို့ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ နေ့စဉ်လိုလို တန်းစီနေတဲ့အချိန်မှာ ပစ္စည်းသယ်ထုတ်နေသူအချင်းချင်း နေရာလုပြီး စကားများ ရန်ဖြစ်တာတွေ မကြာခဏ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။