မောတောင်မြို့ပေါ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ၂ လသားအရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း မောတောင်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၂ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU က ထုတ်ပြန်ထားပါတယ်။

ကွန်ဟိန်းမှာ တရားမဝင် ဝင်ရောက်လာကြတဲ့ တရုတ်နိုင်ငံသား ၄၃ ဦး ဖမ်းဆီးရမိ

ရှမ်းတောင် ကွန်ဟိန်းမြို့နယ် ကာလိမြို့ ဝမ်မိုင်ကျေးရွာအနီးမှာ တရားမဝင် ဝင်ရောက်လာကြတဲ့ တရုတ်နိုင်ငံသား ၄၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဖလမ်းမြို့နယ်မှာ လေကြောင်း ဗုံးကြဲခံရမှုကြောင့် ကလေးငယ်အပါအဝင် ၆ ဦး သေဆုံး

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကိုးကန့်တပ်နဲ့ ‘ဝ’တပ်တို့ ထိန်းချုပ်‌ဒေသမှာ တရုတ်က မြန်မာပိုင်နက်ထဲ ကျူးကျော်လာပြီး ခြံစည်းရိုးအသစ်တွေ ဆက်တိုက်တည်ဆောက်နေ

ကိုးကန့်တပ်မတော်-MNDAA နဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်- UWSAတို့ ထိန်းချုပ်ထားတဲ့ ဒေသမှာ တရုတ်က မြန်မာပိုင်နက်ထဲ ကျူးကျော်လာပြီး ခြံစည်းရိုးအသစ် တည်ဆောက်နေကြောင်း ဖြစ်စဉ်သိရှိသူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

တစ်နေ့အခြေခံလုပ်အားခ အနည်းဆုံး ၂ သောင်းကျပ်ပေးဖို့ အလုပ်သမားများနေ့မှာ တောင်းဆို

တစ်နေ့သာ အခြေခံလုပ်အားခအတွက် အနိမ့်ဆုံး ၂ သောင်းကျပ်ပေးဖို့ ဒီနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ၁၃၆ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားအဖွဲ့ချုပ် ( FGWM) က အလုပ်ရှင်တွေထံ ထုတ်ပြန်တောင်းဆိုထားပါတယ်။

တားမိုးညဲမှာ ရွှေဓားပြတိုက်လုယက်သွားတဲ့ တပ်သားတစ်ဦးကို ကိုးကန့်တပ်ဖွဲ့က လက်နောက်ပြန် ကြိုးချိတ်ဆွဲထားပြီး ရိုက်နှက်အပြစ်ပေး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် တားမိုးညဲက ကျေးရွာဘက်မှာ ရွှေဓားပြတိုက်လုယက်သွားခဲ့တဲ့ တပ်ဖွဲ့ဝင်တစ်ဦး ကိုးကန့်တပ်-MNDAAက လက်နောက်ပြန် ကြိုးချိတ်ဆွဲထားပြီး ရိုက်နှက်ကာ အပြစ်ပေးခဲ့ကြောင်း ဒီအကြောင်းသိရှိသူအမျိုးသားတစ်ဦး ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်က ခိုတင်ကျေးရွာမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသား၂ ဦး သေဆုံး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်

‎တော်လှန်ရေးတပ်တွေ ၈ လ ဝန်းကျင်ကြာ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့ကို စစ်ကောင်စီတပ်က မနေ့ ဧပြီ ၃၀ ရက် နေ့လယ်မှာ အလုံးစုံ သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ကောင်စီတပ် ဝါဒဖြန့်သူတွေက ရေးသားဖော်ပြနေကြပါတယ်။

မုံးကိုးမှာ စစ်မှုမထမ်းတဲ့မိသားစုတွေကို MNDAA တပ်က ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး ရွာပြင်နှင်ထုတ်ထား

ကိုးကန့်တပ် ​MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးမြို့မှာ တအာင်းတပ် TNLA ရဲ့ တပ်သားတွေကို ကိုးကန့်တပ်က စစ်မှုထမ်း ခေါ်​နေပြီး သူတို့တပ်ထံ စစ်မှု မထမ်းတဲ့သူတွေကို ရွာပြင်နှင်ထုတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း စစ်ကောင်စီက ဒီနေ့ ဧပြီ ၃၀ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ကြေငြာလိုက်ပါတယ်။