လားရှိုးမြို့ မောင်နှမ ၂ဦးသာရှိတဲ့ နေအိမ်တစ်

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က နေအိမ်တစ်ခုမှာ အနုကြမ်းစီး ဓားပြတိုက်ခံရပြီး နေအိမ်ရှိ အမျိုးသမီး ၂ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးက ရွှေ ၅ပိဿာခန့် ဓားပြတိုက်ခံရမှုမှာ ဓားပြတွေကို မဖမ်းမိပေမယ့် ဓားပြတွေကို သေနတ်နဲ့ပြန်ပစ်လို့ဆိုပြီး ဓားပြတိုက်ခံရတဲ့ အိမ်ရှင်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ရပ်ကွက် (၄) မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဓားပြတိုက်ခံခဲ့ရတဲ့ ရွှေလုပ်ငန်းအိမ်ရဲ့ အိမ်ရှင်ကို ဇူလိုင်လ ၂ ရက်နေ့ မနက်အစောပိုင်းမှာ စစ်တပ်က လာရောက်ဖမ်းဆီးရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ကျိုင်းတုံမြို့ ရဲစခန်းအနီးမှာ သေနတ်အရှည်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၄ ဦးက အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွား

‎ဒီနေ့ ‌ဇူလိုင် ၂ ရက် နေ့လယ် ၃ နာရီ ဝန်းကျင်မှာ ကျိုင်းတုံမြို့ အမှတ် ၄ ရပ်ကွက်၊ နွဲနော်ရပ်က ကိုစိုင်းလွတ် ပရိဘောကဆိုင်ရှေ့မှာ အိမ်စီးကားအဖြူ စီးလာတဲ့ အမျိုးသား ၄ ဦးက သေနတ်(အရှည်) တွေ ကိုင်ဆောင်ပြီး ၎င်းဆိုင်ထဲက အမျိုးသမီးကို ကားပေါ်သို့ ဆွဲခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

ကျိုင်းတုံက အမျိုးသားတစ်ဦး ရိုက်နှက်နှိပ်စက်ခံရပြီး ဓားပြတိုက်ခံရ

ရှမ်းအရှေ့ ကျိုင်းတုံမြို့နယ်မှာ လူငယ်အမျိုးသားတစ်ဦး လမ်းသွားနေချိန် ရိုက်နှက်နှိပ်စက်ခံရပြီး ဓားပြတိုက်ခံရကြောင်း ကျိုင်းတုံရှိ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကလေးတွေသာရှိတဲ့ သီပေါက နေအိမ်တစ်အိမ်ကို အမျိုးသား ၂ ဦး သေနတ်ထောက်ပြီး ဓားပြတိုက်

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့ပေါ်က နေအိမ်တစ်အိမ်ကို အမျိုးသား ၂ ဦးဟာ သေနတ်ထောက်ပြီး ဓားပြ တိုက်ခဲ့တယ်လို့ သီပေါမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မူကြိုကျောင်းဆရာမတစ်ဦးကို အမျိုးသားနှစ်ဦးက သေနတ်ထောက်ပြီး ဓားပြတိုက်

ကိုးကန့်တပ် ပြန်ထိန်းချုပ်တဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ ကျောင်းဆရာတစ်ဦးကို အမည်မသိ အမျိုးသား ၂ ဦးက သေနတ်ထောက်ပြီး ဓားပြတိုက်သွားတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မူဆယ်မှာ ဓားပြတိုက် လုယက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် လုံခြုံမှု မရှိဘူးလို့ ဒေသခံတွေပြော

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့မှာ လုယက်မှုနဲ့ ဓားပြတိုက်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်နေပြီး မြို့တွင်းနေထိုင်သွားလာသူတွေအဖို့ လုံခြုံမှုမရှိဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကားခိုးတဲ့ အမျိုးသားတစ်ဦးကို လားရှိုးဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ကားခိုးလာတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း မြင်တွေ့ခဲ့ရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

မူဆယ်မှာ ရွှေအရောင်းအဝယ် လုပ်နေတဲ့ လင်မယားနှစ်ဦး သေနတ်ထောက်ပြီး ဓားပြတိုက်ခံရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ရွှေအရောင်းအဝယ် လုပ်နေတဲ့ လင်မယားနှစ်ဦးကို အမည်မသိ အမျိုးသား ၄ ဦးက သေနတ်ထောက်ပြီး ဓားပြတိုက်သွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လားရှိုးက အမျိုးသမီးတစ်ဦးရဲ့ ဆိုင်ကယ်နဲ့ငွေသိန်း ၁၀၀ ကို အမျိုးသား ၄ ဦးက ဓားထောက်လုယက်သွား

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ အမျိုးသား ၄ ဦးက ဆိုင်ကယ် မောင်းလာတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဆိုင်ကယ်နဲ့ငွေကို ဓားထောက်ပြီး လုယက်သွားကြောင်း ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။