ဓာတ်ပုံ- စစ်ကောင်စီ

ယာရူစိင်၊ ဇွန်လ ၂၈ ရက်၊ သီပေါ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့ပေါ်က နေအိမ်တစ်အိမ်ကို အမျိုးသား ၂ ဦးဟာ သေနတ်ထောက်ပြီး ဓားပြ တိုက်ခဲ့တယ်လို့ သီပေါမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက် ညနက်ပိုင်းမှာ သီပေါမြို့ ညောင်ကိုးပင်ရွာမှာ ကလေးတွေသာ ရှိနေတဲ့ နေအိမ်ကို အမျိုးသား ၂ ဦးက သေနတ်နဲ့ ခြိမ်းခြောက်ကာ ဓားပြ တိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့မိဘတွေက ခြံ သွားအိပ်ကြတာ။ အဲကလေးတွေက ကျောင်းတက်တာဆိုတော့ အိမ်မှာပဲ နေခဲ့ရတာလေ။ ညအချိန်မှာ တံခါးလာခေါက်တော့ ကလေးတွေက သူတို့မိဘထင်လို့ ဖွင့်ပေးလိုက်တာ။ ကလေးတွေကို သေနတ်ထောက်ပြီး ရွှေတွေ ထုတ်ခိုင်းတာ။ အိမ်ထဲလည်း ဝင်မွှေပြီး ပိုက်ဆံက ၃ သိန်း ပါသွားတာ။ ကလေးတွေပဲ ရှိမှန်းသိလို့ ဓားပြ လာတိုက်တာဖြစ်မယ်”

အဆိုပါကိစ္စကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ကြားဝင်ညှိနှိုင်းပေးခဲ့ပြီးနောက် ဓားပြအဖွဲ့ကို ရှာဖွေအရေးယူတာ မလုပ်တော့ဘဲ အမှုကို ရပ်တန့်လိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရဲစခန်းဘက်ကလည်း ဒေသခံတွေအနေနဲ့ လုံခြုံရေးကို အထူးဂရုပြုပြီး သတိရှိရှိနဲ့ နေထိုင်ကြဖို့ကိုသာ မှာကြားခဲ့တယ်လို့ ပြောပါတယ်။

နောက်ထပ် ဒေသခံတစ်ဦး ပြောတာက “ညောင်ကိုးပင်ဘက်မှာက ခဏခဏဖြစ်တယ်။ လူအသွားအလာ နည်းတာဆိုတော့လေ။ ဇာတ်စုဘက်လည်း ဇွန်လ တတိယအပတ်က ညအချိန်မှာပဲ သူခိုးတွေက အိမ် ဖောက်ဝင်တာမျိုး လုပ်တယ်။ လူမရှိတဲ့အိမ်တွေ ပိုဆိုးတယ်” လို့ ပြောပါတယ်။

သီပေါမှာ အခုလို နေအိမ် ဖောက်ထွင်းခံရတာ၊ ဆိုင်ကယ် ခိုးခံရတာနဲ့ ဓားပြတိုက်မှုတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ လုံခြုံးရေးအတွက် စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

သီပေါမြို့က ရပ်ကွက်အများစုမှာ သူခိုးတွေဟာ ညဘက် လူအိပ်ချိန် သန်းခေါင်ယံမှာ နေအိမ်ထဲအထိ အုပ်စုလိုက်ဖွဲ့ပြီး နေအိမ် ဖောက်ထွင်းပြီး ခိုးယူတာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။