ဓာတ်ပုံ- Local

ပပ၊ ဇွန်လ ၂၈ ရက်၊ ကျိုင်းတုံ

‎ရှမ်းအရှေ့ ကျိုင်းတုံမြို့နယ်မှာ လူငယ်အမျိုးသားတစ်ဦး လမ်းသွားနေချိန် ရိုက်နှက်နှိပ်စက်ခံရပြီး ဓားပြတိုက်ခံရကြောင်း ကျိုင်းတုံရှိ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ ကျိုင်းတုံမြို့နယ် ကျိုင်းကာရွာမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး စီးလာတဲ့ ဆိုင်ကယ်အပြင် ဖုန်းကို အမျိုးသား ၄ ဦးက လုယက်ကာ ရိုက်နှက်ခဲ့တာပဲ ဖြစ်ပါတယ်။

‎ကျိုင်းတုံမြို့ခံ အမျိုးသားက “အရင်ကဆိုရင် မြို့ပေါ်မှာပဲ ဖြစ်လေ့ဖြစ်ထရှိတာ။ အခုက ရွာဘက်တွေအထိ ကူးလာပြီ။ အဓိက ဒီမြို့မှာ လောင်းကစားမျိုးစုံတွေ ရှိနေလို့ လူတွေ ပျက်စီးလာကြတာ” လို့ ပြောပါတယ်။

‎ရိုက်နှက်ခံရသူ အမျိုးသားဟာ ခြေထောက်၊ ဦးခေါင်းနဲ့ ကျောပြင် စတဲ့နေရာတွေမှာ ဒဏ်ရာ ရခဲ့တာကြောင့် ကျိုင်းတုံ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံနေရကြောင်း အထက်ပါအမျိုးသားက ပြောဆိုပါတယ်။

‎ဒါ့အပြင် သက်ဆိုင်ရာကို အမှုဖွင့်တိုင်ကြားထားပေမဲ့ မနေ့ ဇွန်လ ၂၇ ရက်အထိ ဓားပြတိုက်သူတွေကို ဖမ်းဆီးနိုင်တာ မရှိသေးကြောင်း ၎င်းက ဆက်ပြောပါတယ်။

‎အလားတူ ပြီးခဲ့တဲ့ မေလ ၁၃ ရက်ကလည်း ကျိုင်းတုံမြို့က ရွှေဆိုင်ပိုင်ရှင် ဓားပြတိုက် သတ်ဖြတ်ခံရပေမဲ့ တရားခံတွေကို တာဝန်ရှိသူက ဖမ်းဆီးအရေးယူနိုင်တာ မရှိသေးကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။