ရွှေဖီမြေ၊ မေလ ၄ ရက်၊ လားရှိုး

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ အမျိုးသား ၄ ဦးက ဆိုင်ကယ် မောင်းလာတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဆိုင်ကယ်နဲ့ငွေကို ဓားထောက်ပြီး လုယက်သွားကြောင်း ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မနေ့ မေလ ၃ ရက် ညနေ ၄ နာရီ ဝန်းကျင်မှာ လားရှိုးမြို့ ရပ်ကွက် ၁ ပါရမီလမ်းသွယ် ၆ အနီးမှာ ဆိုင်ကယ် စီးလာတဲ့ အမျိုးသမီးတစ်ဦးကို အသက် ၂၀ ကျော်အရွယ် အမျိုးသား ၄ ဦးက ဓားထောက်ပြီး ဆိုင်ကယ် လုယူသွားခဲ့တာပါ။

‎ရပ်ကွက်နေ အမျိုးသမီးက “အဲနေရာတဝိုက်က လူပြတ်တယ်လေ။ ဓား ပြပြီး အတင်းလုတာ။ တော်သေးတယ် လူတော့ ဘာမှမဖြစ်သွားဘူး” လို့ ပြောပါတယ်။

‎လုယက်ခံရတဲ့ ဆိုင်ကယ်ဟာ CZI ဆိုင်ကယ် အနီရောင်ဖြစ်ပြီး တူးဘောက်အတွင်းမှာလည်း ငွေ သိန်း ၁၀၀ ပါသွားကြောင်း လုယက်ခံရသူ အမျိုးသမီးက ပြောဆိုပါတယ်။

‎မေလ ၂ ရက် မနက် ၉ နာရီကလည်း လားရှိုးမြို့ ရပ်ကွက် ၁ က အလှကုန်ဆိုင်တစ်ဆိုင်မှာ အမျိုးသား ၄ ဦးက ဆိုင်ပိုင်ရှင်ကို ဓားပြတိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

‎အလားတူဖြစ်စဉ်မျိုး လားရှိုးမြို့မှာ မကြာခဏ ဖြစ်ပွားနေသလို ခိုးမှု၊ လုယက်မှုနဲ့ ပြန်ပေးဆွဲမှုတွေလည်း ဖြစ်ပွားနေပေမဲ့ သက်ဆိုင်ရာက တရားခံကို ဖမ်းမိနိုင်တာ မရှိခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။