မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးလမ်းစဉ်ဟာ အာဏာတည်မြဲရေးအတွက် ဟန်ပြသာဖြစ်လို့ TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်နဲ့ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းမှု မလုပ်သင့်ကြောင်း တအာင်းအရပ်ဖက်အဖွဲ့အစည်း ထုတ်ပြန်
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖိတ်ခေါ်ထားတဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးဟာ သူ့ရဲ့အာဏာတည်မြဲရေးအတွက် ဟန်ပြငြိမ်းချမ်းရေး ဖြစ်တာကြောင့် TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သတိထားဖို့ လိုအပ်ပြီး ပူးပေါင်းဆောင်ရွက်မှု မလုပ်သင့်ဘူးလို့ တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက်- TCSN က ထုတ်ပြန်လာပါတယ်။