စစ်ကောင်စီတပ်စခန်းတစ်ခု ချင်း ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်၊ ချင်းတပ်ဘက်က ၄ ဦး ကျဆုံး

ချင်းပြည်နယ် ဖလမ်းမြို့နယ် ခွန်လီရွာတဝိုက်ရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ ကုန်းစခန်းတစ်ခုကို ချင်း ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ကနေ သမ္မတ ဖြစ်လာသူကို PSLF/TNLA ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကနေ သမ္မတဖြစ်လာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဂုဏ်ပြုကြောင်း တအာင်းတပ်မတော်- PSLF/TNLA က ဒီနေ့ ဧပြီ ၁၅ ရက်မှာ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

၂၀၂၇ ခုနှစ် မတိုင်မီ လက်စသိမ်း အောင်ပွဲခံနိုင်ဖို့ လုံးဝ ယုံကြည်ချက်နဲ့ လုပ်ဆောင်သွားကြဖို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပြော

မနေ့ ဧပြီ ၁၀ ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်- AA ရဲ့ ၁၇ နှစ်ပြည့် တပ်မွေးနေ့အတွက် ပေးပို့လိုက်တဲ့ သဝဏ်လွှာမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ်မကုန်ခင် လက်စသိမ်းအောင်ပွဲခံဖို့ လုံးဝ ယုံကြည်ချက်နဲ့အညီ တိုက်ပွဲဝင်ကြဖို့ တပ်သားတွေကို ပြောဆိုထားပါတယ်။

AA ဟာ တိုင်းရင်းသားတွေအတွက် အတုယူဖွယ် ပြယုဒ်ဖြစ်တယ်လို့ တအာင်းတပ် သဝဏ်လွှာ ပေးပို့

အာရက္ခတပ်တော်- ULA/AA ဟာ လက်ရှိမှာ ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်ထားပြီး တိုင်းရင်းသားတွေအတွက် အတုယူဖွယ်ပြယုဒ် ဖြစ်တယ်လို့ တအာင်းတပ်မတော်- PSLF/TNLA က ဒီနေ့ AA တည်ထောင်ခြင်း ၁၇ နှစ်ပြည့် အထိမ်းအမှတ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

AA တည်ထောင်ခြင်း ၁၇ နှစ်ပြည့်နေ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် MNDAA နဲ့ TNLA ဂုဏ်ပြု၊ တော်လှန်ရေးမျှော်မှန်းချက် ရောက်တဲ့အထိ မဟာမိတ်ပီပီ လက်တွဲသွားမယ်လို့ ကတိပြု

တအာင်းတပ်- TNLA နဲ့ ကိုးကန့်တပ်- MNDAA တို့က ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်တဲ့ အာရက္ခတပ်တော်- AA တည်ထောင်ခြင်း ၁၇ နှစ်ပြည့်နေ့ကို ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

မြင်းခြံမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်အတွင်း အရပ်သား ၈ ဦးနဲ့ PDF ၃ ဦး သတ်ဖြတ်ခံရ

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာက စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း အရပ်သား ၈ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်- PDF ရဲ့ တပ်ဖွဲ့ဝင် ၃ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဓနုအမျိုးသားဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းပြီး လူမျိုးစုတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပျက်သုဉ်းစေတဲ့ အာဏာရှင်အမျိုးမျိုးကို နည်းလမ်းမျိုးစုံနဲ့ တော်လှန်သွားမယ်

ဓနုတော်လှန်ရေး လက်နက်ကိုင်အင်အားစု၊ အရပ်ဖက်အဖွဲ့အစည်း၊ အမျိုးသမီးနဲ့လူငယ်၊ ပညာရှင်၊ CDM၊ ၈၈ မျိုးဆက်၊ စာပေနဲ့ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွလှုပ်ရှားသူ၊ ပြည်တွင်းပြည်ပရှိ ဓနုအင်အားစုအားလုံးပါဝင်တဲ့ ဓနုအမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းပွဲဖိုရမ်ကို အဆင့်ဆင့် ကျင်းပပြုလုပ်ခဲ့ပြီး ဓနုအမျိုးသားဖက်ဒရယ်ကောင်စီ- DNFC ကို ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သမ္မတဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို SNA၊ AFP နဲ့ NDAA တို့က ဂုဏ်ပြု

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်ပြီး သမ္မတဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ ရခိုင့်ဦးဆောင်ပါတီ AFP နဲ့ မိုင်းလားတပ် NDAA တို့က ဂုဏ်ပြုကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

သမ္မတဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြု၊ သီးခြားနိုင်ငံ တည်ထောင်မှာ မဟုတ်ဘူးဟုဆို

စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ ရွေးချယ်တင်မြှောက်ပြီး သမ္မတဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ဂုဏ်ပြုကြောင်း “ဝ” တပ်ဖွဲ့ – UWSA က ဒီနေ့ ဧပြီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

မိုးကုတ်အခြေစိုက် (Red Wolves of Mogok) အဖွဲ့က မိုးကုတ်နယ်ကနေ ဆုတ်ခွာ၊ မြို့နယ်တစ်ခုလုံး တော်လှန်ရေးတပ်တွေ ဆုတ်လိုက်ပြီလို့ ဆို

မန္တလေးတိုင်း မိုးကုတ်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖြစ်တဲ့ (Red Wolves of Mogok) အဖွဲ့ဟာ မိုးကုတ်မြို့နယ်ထဲကနေ ဆုတ်ခွာသွားပြီလို့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။