ရွှေဖီမြေ၊ ဧပြီ ၉ ရက်

ဓနုတော်လှန်ရေး လက်နက်ကိုင်အင်အားစု၊ အရပ်ဖက်အဖွဲ့အစည်း၊ အမျိုးသမီးနဲ့လူငယ်၊ ပညာရှင်၊ CDM၊ ၈၈ မျိုးဆက်၊ စာပေနဲ့ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွလှုပ်ရှားသူ၊ ပြည်တွင်းပြည်ပရှိ ဓနုအင်အားစုအားလုံးပါဝင်တဲ့ ဓနုအမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းပွဲဖိုရမ်ကို အဆင့်ဆင့် ကျင်းပပြုလုပ်ခဲ့ပြီး ဓနုအမျိုးသားဖက်ဒရယ်ကောင်စီ- DNFC ကို ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

DNFC ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ ကောင်စီဝင် ၁၁ ဦးနဲ့ အောင်မြင်စွာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နိုင်ငံရေး ရည်မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်နဲ့ ကောင်စီရဲ့ ဖွဲ့စည်းပုံ အခြေခံမူဘောင်တွေကို အားလုံးသဘောတူညီမှုနဲ့ စနစ်တကျ ရေးဆွဲအတည်ပြုနိုင်ခဲ့သလို ဦးတည်ချက် ၃ ရပ်ကို ရှင်းလင်းဖော်ပြခဲ့ပါတယ်။

ပထမဦးတည်ချက်ကတော့ လူမျိုးစုတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ရိုးရာယဉ်ကျေးမှုတွေကို ပျက်သုဉ်းစေတဲ့ စနစ်အမျိုးမျိုးနဲ့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်အမျိုးမျိုးကို နည်းလမ်းမျိုးစုံနဲ့ တော်လှန်သွားမယ်လို့ ဆိုပါတယ်။

ဒုတိယဦးတည်ချက်က လူမျိုးစုအားလုံးနဲ့ ပြည်ထောင်စုအရေးဟာ ဓနုလူမျိုးရဲ့အရေးဖြစ်သလို ဓနုလူမျိုးတို့ရဲ့ အရေးကလည်း လူမျိုးစုအားလုံးနဲ့ ပြည်ထောင်စုအရေးအဖြစ် သန္နိဌာန်ချကာ တော်လှန်ရေးအင်အားစု၊ မဟာမိတ်အဖွဲ့အစည်း၊ အခြားသော လူမျိုးစုနဲ့ လက်တွဲပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ဒေသတွင်း လူမျိုးစုတွေ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား တန်းတူညီမျှရေး၊ လူ့အခွင့်အရေးနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေးရှုတဲ့ မူဝါဒတွေကို ချမှတ်အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။

DNFC ဟာ ဓနုလူထုတစ်ရပ်လုံးကို နိုင်ငံရေးအရ စုပေါင်းခေါင်းဆောင်မှု ယန္တရားတစ်ခု ဖြစ်သလို အကြောင်းအမျိုးမျိုးကြောင့် လက်ရှိအဆင့်မှာ မပါဝင်နိုင်သေးတဲ့ ဓနုအင်အားစု၊ အဖွဲ့အစည်းနဲ့ ပညာရှင်အားလုံးကိုလည်း ဓနုအမျိုးသားရေးဆိုင်ရာ ရည်မှန်းချက်တွေ ဖော်ဆောင်ရာမှာ အတူတကွ ပူးပေါင်းလက်တွဲဆောင်ရွက်သွားဖို့ တိုက်တွန်းထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။