Browsing Category
ပြည်တွင်းသတင်း
3744 posts
Stay informed with the latest local news from across the region. Get every update on community events, local politics, and important happenings in Myanmar.
ဘိုဒါးစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နဲ့ ပြည်ကြီးမဏ္ဍိုင်မြို့ကြား ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ ဘိုဒါးကျေးရွာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
မလေးရှားမှာ မြန်မာဇနီးမောင်နှံနှစ်ဦး အိမ်ထောင်ရေး အငြင်းပွားရာကနေ ဇနီးဖြစ်သူကို ဓားထိုးသတ်မှုဖြစ်
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ စတားပတ် (ခ်) မှာ မြန်မာဇနီးမောင်နှံ အိမ်ထောင်ရေး အငြင်းပွား စကားများရာကနေ ဇနီးဖြစ်သူကို ဓားနဲ့ ထိုးသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ မြန်မာတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လိုင်စင်ပိတ်သိမ်းပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးလို့မရကြောင်း “မျက်မှောက်ခေတ်” သတင်းဌာနက တုံ့ပြန်
စစ်ကောင်စီရဲ့ လက်အောက်ခံ ဝါဒဖြန့်ချီရေးယန္တရားဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်မှာ ချင်းပြည်တွင်းသတင်းဌာနတွေဖြစ်ကြတဲ့ မျက်မှောက်ခေတ် (Nowaday News) ၊ Chin World နဲ့ Khonuthung Media တို့ကို လိုင်စင်ပိတ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အီနိုင်းမှာ MNDAA က မူးယစ်ဆေးဝါး စစ်ဆေးတာကို အကြောင်းပြပြီး ဒေသခံနဲ့ လမ်းသွားတဲ့ ခရီးသည် လူငယ် ၇၀ ဦး ဝန်းကျင်ကို ဖမ်းဆီးသွား
လားရှိုးမြို့နယ် အီနိုင်းရွာအနီးက ဒေသခံတွေနဲ့လမ်းသွားတဲ့ ခရီးသည်အမျိုးသားနဲ့အမျိုးသမီးတွေအပါအဝင် လူငယ် ၇၀ ဦး ဝန်းကျင်ကို ကိုးကန့်တပ် MNDAA မူးယစ်ဆေးဝါး စစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံအမျိုးသမီးရဲ့ ပြောပြချက်အရ သ်ိရပါတယ်။