ဗိုလ်ချုပ်ကြီး ယွက်စစ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ အနီးကပ် ပျံသန်းခြိမ်းခြောက်တာကြောင့် နှစ်ဖက်အကြား ယုံကြည်မှု ပျက်စီးနိုင်တယ်လို့ RCSS ပြော
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS ရဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ အနီးကပ် ပျံသန်းပြီး ခြိမ်းခြောက်ခဲ့ကြောင်း RCSS ရဲ့ ပြန်ကြားရေးဌာန Tai Freedom က ဒီနေ့ မေလ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။