လားရှိုးမှာ လေပြင်း တိုက်ခတ်ပြီး လမ်းမတွေပေါ် သစ်ပင် လဲကျလို့ ပျက်စီးမှုရှိ

ရှမ်းမြောက် လားရှိုးမြို့မှာ လေပြင်း တိုက်ခတ်မှုကြောင့် လမ်းတွေပေါ် သစ်ပင် လဲကျပြီး နေအိမ်တချို့ ပျက်စီးတာနဲ့ မီးတိုင်တွေ ကျိုးကျပျက်စီးခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဝက်လက်မြို့နယ် လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲခံရ၊ ဒေသခံ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲခံရတာကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကလေးမြို့ရောက် Non-CDM ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ဖို့ ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်လာ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ဘေးရှောင်နေတဲ့ Non-CDM ဝန်ထမ်း ၁၀၀ ကျော်ဟာ ဒီနေ့ မေလ ၆ ရက် မနက်ပိုင်းမှာ ချင်းပြည်နယ် ဖလမ်းမြို့မှာ တာဝန်ထမ်းဆောင်ဖို့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်ကြီးက ဘားဆိုင်တစ်ခုမှာ ဆိုင်ရှင်က ဝန်ထမ်းအမျိုးသမီးငယ်ကို သေတဲ့အထိ ရိုက်နှက်ခဲ့၊ တရားခံကို မဖမ်းမိသေး

ရှမ်းတောင် တောင်ကြီးမြို့မှာရှိတဲ့ Peter ဘားဆိုင်တစ်ခုမှာ ဆိုင်ရှင်က ဝန်ထမ်းအမျိုးသမီးငယ်ကို သေတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြစ်ဆုံ ရေကာတာစီမံကိန်း ပြန်လည်စတင်မှုကို ကချင် CSO ၄၉ ဖွဲ့နဲ့ ဒေသခံတွေ ကန့်ကွက်

မြစ်ဆုံ ရေကာတာစီမံကိန်းကို ပြန်လည်စတင်ဖို့ ကြိုးပမ်းနေမှုကို အရပ်ဘက်အဖွဲ့အစည်း ၄၉ ဖွဲ့နဲ့ ကချင်ဒေသခံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်လာပါတယ်။

လားရှိုးမှာ အုပ်စုလိုက် ဖွဲ့ထားတဲ့ ကားသူခိုးတွေ သောင်းကျန်းနေ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ကားခိုးမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး အုပ်စုလိုက် ဖွဲ့ထားတဲ့ ကားသူခိုးတွေ သောင်းကျန်းနေတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

UWSA က ၄ လအတွင်း “ဝ”ဒေသထဲ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၆၀၀ ကျော် ပြန်ပို့ခဲ့

“ဝ”တပ်မတော်- UWSA ထိန်းချုပ်နယ်မြေထဲ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားကို “ဝ”ပြည် တရားစီရင်ရေးကော်မတီ- WSP က ဆက်တိုက်ဖမ်းဆီးကာ တရုတ်ပြည်ဘက် ပြန်ပို့နေပြီး ၄ လအတွင်း တရုတ်နိုင်ငံသား ၆၀၂ ဦး ပြန်ပို့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲ ပြင်းထန်နေတဲ့ ဖားကန့်မှာ လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရ၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး

တိုက်ပွဲ ဆက်လက်ပြင်းထန်နေတဲ့ ဖားကန့်မြို့ လုံးခင်းကျေးရွာ ရပ်ကွက် ၅ မှာ တိုက်ပွဲကြားက လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးမိတ်မှာ စစ်ကောင်စီတပ် စစ်အင်အား ဖြည့်တင်းပြီးနောက် မဘိမ်းဘက် ထိုးစစ်ဆင်လာနိုင်တာကြောင့် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေ

ရှမ်းမြောက် မိုးမိတ်မြို့ထဲ စစ်ကောင်စီတပ်က စစ်အင်အား ဖြည့်တင်းပြီးနောက် ကချင်တပ်မတော်- KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နယ်ဘက် ထိုးစစ်ဆင်လာနိုင်တာကြောင့် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ဇွဲမလျှော့ဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက PDF တည်ထောင်ခြင်း ၅ နှစ်ပြည့်မှာ တိုက်တွန်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF ဖွဲ့စည်းတည်ထောင်မှု ၅ နှစ်ပြည့်တဲ့နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တော်လှန်ရေးဟာ ခဏလေးနဲ့ပြီးသွားမယ့်အရာ မဟုတ်ဘဲ ခရီးရှည်တစ်ခုဖြစ်လို့ ဇွဲမလျှော့ဘဲ ဆက်လက်ရှေ့ဆက်ဖို့ လိုတယ်လို့ ပြောပါတယ်။