ဓာတ်ပုံ- ဆိုရှယ်မီဒီယာ

ပပ၊ မေလ ၂၈ ရက်၊ မြဝတီ

‎ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ်(၂)ကို ဒီနေ့မနက်မှာ စစ်ကောင်စီတပ်နဲ့ ထိုင်းဘက်က ပြန်ဖွင့်ပေး‌ပြီဖြစ်ကြောင်း ကရင်ပြည်နယ် မြဝတီရှိ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဒီနေ့ မေလ ၂၈ ရက် မနက် ၆ နာရီဝန်းကျင်မှာ မြဝတီနဲ့ ထိုင်းနိုင်ငံ မဲဆောက်ကို ဆက်သွယ်ထားတဲ့ အမှတ်(၂) ချစ်ကြည်ရေး၊ ကုန်စည်ပို့ဆောင်ရေးတံတားကို စစ်တပ်က ပြန်ဖွင့်လိုက်ပြီး နှစ်နိုင်ငံရှိ ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာနေကြပြီဆိုလို့ ဆိုပါတယ်။

‎မြဝတီရှိ အမျိုးသားတစ်ဦးက “တံတားက ပိတ်ထားတာကြာတော့ ထိုင်းဘက်ကကုန်တွေ မဝင်တာတော့ မဟုတ်ဘူး။ မှောင်ခို ဝင်နေတော့ ဈေးတအားတင်ရောင်းကြတယ်။ တံတား ပြန်ဖွင့်တော့ လူထုတွေအတွက် နည်းနည်းသက်သာမယ်ထင်တယ်” လို့ ပြောပါတယ်။

‎အမှတ်(၂) တံတားဟာ နှစ်နိုင်ငံအတွက် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တာကြောင့် လွတ်လပ်စွာ သွားလာလို့ရရင် ကုန်ဈေးနှုန်းတွေ ပြန်ကျဖို့ ဒေသခံတွေက မျှော်လင့်ကြကြောင်း နောက်ထပ် မြို့ခံအမျိုးသမီးက ပြောဆိုပါတယ်။

‎၎င်းက “အရင်လို ခိုးသယ်ရင် ဟိုပေးဒီပေး ပေးရတာများလို့ အစားအသောက်တွေ လူသုံးကုန်တွေ ဈေးမတရားတက်တာ။ အခုက တရားဝင်လမ်းဆိုတော့ အရင်ကထက် ဈေးတွေ နည်းနည်းကျလာမယ်လို့ ဆုတောင်းနေရမယ်” လို့ ပြောပါတယ်။

‎‎နှစ်နိုင်ငံလုံးက တံတားကို ဖြတ်သန်းသွားလာခွင့် ပြုပေမဲ့ ယာဉ်နဲ့ကုန်စည်တွေကိုတော့ စစ်ဆေးတာတွေ ရှိနေကြောင်း အထက်ပါ အမျိုးသမီးက ပြောဆိုပါတယ်။

‎‎အဲဒီတံတားကို ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ စစ်တပ်ဘက်က စတင်ပိတ်ခဲ့တာပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။