ရွှေဖီမြေ၊ မေလ ၂၉ ရက်၊ မင်းကင်း

စစ်ကိုင်းတိုင်း မင်းကင်းမြို့မှာ အခြေစိုက်တဲ့ ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ ကျောင်းသား တော်လှန်ရေးတပ်တော်- SRF နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ လက်အောက်ခံတပ်အကြား ဖြစ်ပွားနေတဲ့ စစ်ရေး တင်းမာမှု ပြေလည်သွားပြီလို့ နှစ်ဖက်တပ်က ပူးတွဲကြေညာချက် ထုတ်ပြန်လာပါတယ်။

နှစ်ဖက်ဆွေးနွေးဆောင်ရွက်မှုရဲ့ သဘောတူညီချက်အရ NUG ရဲ့ မင်းကင်း ပကဖဘက်က ဖမ်းဆီးထားတဲ့ ရဲဘော်တွေထဲက ပြစ်မှုမရှိတဲ့သူတွေကို လွှတ်ပေးဖို့၊ တိုင်ကြားခံရတဲ့ ရဲဘော်တွေကို NUG ရဲ့ ဥပဒေနဲ့အညီ အရေးယူဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် ပြစ်မှုကျူးလွန်ခြင်း မရှိတဲ့ SRF ရဲ့ ရဲဘော်တွေကို NUG ရဲ့ ကွပ်ကဲမှုအောက် ဝင်ရောက်ရမှာဖြစ်ပြီး တော်လှန်ရေးကို ဆက်လက်ပူးပေါင်းသွားမယ်လို့ သဘောတူထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်မှာ ပြစ်မှုကျူးလွန်ထားတယ်ဆိုပြီး SRF ရဲ့ဥက္ကဋ္ဌ ကိုစံတင်ထွန်းနဲ့ ရဲဘော် ၁၆ ဦးကို NUG ရဲ့ လက်အောက်ခံတပ်တွေက ဖမ်းဆီးသွားရာကနေ နှစ်ဖက်တပ်အကြား စစ်ရေး တင်းမာမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

NUG ရဲ့ မင်းကင်းမြို့နယ် ပကဖကတော့ SRF တပ်ဖွဲ့က လူသတ်မှုအပါအဝင် အမှု ၈ မှု ကျူးလွန်ထားပြီး NUG အုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်ကာ စင်ပြိုင်အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့အတွက် အရေးယူသွားမယ်လို့ မေလ ၂၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။