ကွတ်ခိုင်တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို MNDAA က လျော်ကြေး ပေးမယ်လို့ ပြောဆိုထားပေမဲ့ ၂ လကျော် ကြာတဲ့အထိ မပေးသေး
တအာင်းတပ်- TNLA ထိန်းချုပ်ခဲ့တဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်- MNDAA က တိုက်ခိုက်ချိန် ပျက်စီးသွားတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို လျော်ကြေး ပေးမယ်လို့ ပြောဆိုထားပေမဲ့ လာပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။