ပပ၊ ဇွန်လ ၁၃ ရက်၊ လောက်ကိုင်

‎ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လောက်ကိုင်မြို့မှာ ပြစ်မှုကျူးလွန်သူ အမျိုးသား ၇ ဦးထဲမှာမှ ၄ ဦးကို သေဒဏ်ပေးခဲ့ပြီး ကျန် ၃ ဦးကိုတော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း တုံချိန်မှာနေထိုင်တဲ့ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဒီနေ့မနက် ၇ နာရီ ဝန်းကျင်မှာ လောက်ကိုင်မြို့ တုံချိန်မှာ အမှုစီရင်ခဲ့တာဖြစ်ပါတယ်။

‎၎င်းဖြစ်စဉ်ကိုမြင်တွေ့ခဲ့ရသူအမျိုးသမီးက “မနက်အစောကြီး ကားတန်းတွေသွားတာတွေ့တယ် မေးကြည့်တော့ သေဒဏ်ပေးဖို့သွားတာတဲ့။ ခဏကြာတော့ သေနတ်သံကြားရတယ် ” လို့ ပြောပါတယ်။

‎၎င်း ၇ ဦးဟာ လူသတ်မှု၊ မုဒိမ်းမှု၊ ဓါးပြတိုက်မှု စတဲ့အမှုတွေကို ကျူးလွန်ခဲ့တာဖြစ်ပြီး လူသတ်မှုနဲ့ မုဒိမ်းမှုကျူးလွန်သူတွေကိုတော့ သေဒဏ်ပေးခဲ့ပြီးတော့ ဓါးပြတိုက်မှုကျူးလွန်သူတွေကို ‌ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်တယ်လို့ ဆိုပါတယ်။

‎အလားတူ ပြီးခဲ့တဲ့ မေလ ၉ ရက်ကလည်း MNDAA ထိန်းချုပ်တဲ့ သိန္နီမှာ ခိုးမှုနဲ့ မူးယစ်ဆေး ရောင်းသူ အမျိုးသမီးအပါအဝင် ၅ ဦးကို MNDAA က မြို့ထဲ လှည့်ပတ်ပြသခဲ့ပါတယ်။

‎ဒါ့အပြင် ၂၀၂၅ ခုနှစ် စက်တင်ဘာလကလည်း ရာဇဝတ်မှု ကျူးလွန်သူ ၇ ဦး ထဲမှာမှ ၃ ဦးကို MNDAA က လောက်ကိုင်မှာ သေဒဏ်ပေးခဲ့ပါတယ်။

‎၂၀၂၄ ခုနှစ် နှစ်ကုန်ကလည်း လောက်ကိုင်မှာ MNDAA က ရာဇဝတ်မှုကျူးလွန်တဲ့ အမျိုးသား ၆ ဦးကို လူထုရှေ့မှာ သေဒဏ်ပေးခဲ့ဖူးပါတယ်။

ကိုးကန့်တပ်က ပြစ်မှုကျူးလွန်တဲ့ တရားခံတွေကို လူရှေ့မှာ သေဒဏ်စီရင်တာနဲ့ အမိန့်ချမှတ်တာတွေ မကြာခဏပြုလုပ်လေ့ရှိပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။