ရွှေဖီမြေ၊ ဇွန်လ ၁၄ ရက်

မနေ့ ဇွန်လ ၁၃ ရက်က ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ကိုးကန့်တပ်မတော် – MNDAA က လူသတ်မှုနဲ့ သေဒဏ်ပေးခဲ့တဲ့ ၄ ဦးထဲမှာ ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် ၈ က သမီးအရင်းဖြစ်သူကို သတ်တယ်လို့ဆိုပြီး စွပ်စွဲခံရတဲ့ အမျိုးသားတစ်ဦး ပါဝင်တာ တွေ့ရပါတယ်။

MNDAA ရဲ့ ထုတ်ပြန်ချက်ထဲမှာ အသက် ၃၀ ဝန်းကျင်ရှိတဲ့ မောင်ဖြိုးဆိုသူဟာ မူးယစ်ဆေးဝါး သုံးစွဲပြီး စိတ်ရိုင်းဝင်ကာ အသက် ၈ နှစ်အရွယ် သမီးဖြစ်သူကို ကျောင်းကြိုပြီးအပြန် ဓားနဲ့ သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂ ရက်မှာ ဖြစ်ပွားခဲ့ပြီး ဖခင်ဖြစ်သူဟာ သေဆုံးနေတဲ့ သမီးဖြစ်သူရဲ့ အလောင်းကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ပြုလုပ်ခဲ့တယ်လို့ MNDAA က ဆိုထားပါတယ်။

ဒါကြောင့် မောင်ဖြိုးကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကြောင့် သေဒဏ်ချမှတ်ပြီး ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းဆည်းသွားမယ်လို့ ဖော်ပြထားပါတယ်။

မောင်ဖြိုး (ခေါ်) ကိုဘိုပြုံးဟာ မူးယစ်ဆေးဝါး သုံးစွဲတာမရှိဘဲ အုတ်ရိုက်ရာကနေ သမီးဖြစ်သူ ကျောင်းဆင်းလာချိန် သွားကြိုခဲ့တာဖြစ်ပြီး ဖခင်ကိုယ်တိုင် သမီးဖြစ်သူကို သတ်ဖြတ်တာ မဖြစ်နိုင်ဘူးလို့ ကိုဘိုပြုံးရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မာအေးက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

ကိုဘိုပြုံးကို သမီးဖြစ်သူ သတ်ဖြတ်မှုနဲ့ MNDAA က ဖမ်းဆီးသွားပြီးနောက် မိသားစုနဲ့ တွေ့ဆုံခွင့်မပေးဘဲ ၈ လကျော်အကြာမှာ သေဒဏ်ချမှတ်ပြီး စီရင်ခဲ့တာ ဖြစ်ပါတယ်။

MNDAA က သေဒဏ်ပေးခဲ့တဲ့ အမျိုးသား ၄ ဦးထဲမှာ ဖခင်ဖြစ်သူကို သတ်ဖြတ်မှု၊ မိခင်ဖြစ်သူကို သတ်ဖြတ်မှု၊ သေနတ်နဲ့ လူသတ်မှု၊ မူးယစ်ဆေးဝါး သုံးစွဲပြီး သမီးဖြစ်သူကို သတ်ဖြတ်မှု ကျူးလွန်ခဲ့သူတွေ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျန်အမျိုးသား ၃ ဦးကိုလည်း ကိုးကန့်တပ်က နှစ်ရှည်ထောင်ဒဏ်တွေအပြင် ဆိုင်းငံ့သေဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ကိုးကန့်တပ်ဘက်က မြို့တွေကို ထိန်းချုပ်ပြီးနောက် ပြစ်မှုကျူးလွန်သူတွေကို လူမြင်ကွင်းမှာ သေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်တာတွေ မကြာခဏ ပြုလုပ်နေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလ ၁၀ ရက်မှာလည်း လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှု ကျူးလွန်သူ အမျိုးသား ၅ ဦးကို MNDAA က လူမြင်ကွင်းရှေ့မှာ သေဒဏ်စီရင်ခဲ့ဖူးပါတယ်။

လူသတ်မှု ကျူးလွန်သူတွေကို MNDAA က “ပထမအထူးဒေသ ရာဇဝတ်ကျင့်ထုံးဥပဒေမူကြမ်း ပုဒ်မ ၁၇၅၊ ပြည်ထောင်စုမြန်မာနိုင်ငံ ပထမအထူးဒေသ ရာဇဝတ်ကျင့်ထုံးဥပဒေမူကြမ်း ပုဒ်မ ၁၇၉” တို့ကို အသုံးပြုပြီး သေဒဏ်ချမှတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။