မူဆယ်မှာ ကျားဖြန်လုပ်ကိုင်သူ ၂၈ ဦးကို စစ်ကောင်စီ ထပ်ဖမ်းပြ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ကျားဖြန်လုပ်ကိုင်သူ ၂၈ ဦး ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

“ဝ”တပ်က တရုတ်နိုင်ငံသားတွေကို ပြန်ပေးဆွဲတဲ့ ရာဇဝတ်သားတစ်ဦးကို မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့အတူ ထောင်ဒဏ် ၄ နှစ် ချမှတ်

“ဝ”တပ်မတော်- UWSA ရဲ့ မြို့တော်ဖြစ်တဲ့ ပန်ဆန်းခေါ် ပန်ခမ်းမြို့မှာ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးချုပ်နှောင်ပြီး ပြန်ပေးဆွဲတဲ့ တရားခံ ယန်ရှင်း (Yan Xin)ဆိုသူကို ထောင်ဒဏ် ၄ နှစ် ချမှတ်ကြောင်း “ဝ”ပြည် တရားစီရင်ရေးကော်မတီ- WSP က သတင်းထုတ်ပြန်ပါတယ်။

ကျောင်းဖွင့်ရာသီမှာ ကလေးငယ်တွေ သွားလာရေး အဆင်ပြေစေဖို့ ဖားကန့်-ကာမိုင်းလမ်းပိုင်း ပြန်ဖွင့်

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကျောင်းဖွင့်ရာသီ ရောက်တော့မှာ ဖြစ်တာကြောင့် ကျောင်းသူကျောင်းသားတွေ သွားလာရေး အဆင်ပြေစေဖို့အတွက် ဖားကန့်-ကာမိုင်းလမ်းကို တော်လှန်ရေးတပ်တွေက ပြန်ဖွင့်ပေးလိုက်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

၉ လကြာ ပိတ်ထားတဲ့ ထိုင်း-မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတား ပြန်ဖွင့်

ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ်(၂)ကို ဒီနေ့မနက်မှာ စစ်ကောင်စီတပ်နဲ့ ထိုင်းဘက်က ပြန်ဖွင့်ပေး‌ပြီဖြစ်ကြောင်း ကရင်ပြည်နယ် မြဝတီရှိ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမှာ သိန်း ၆၀၀ ကျော် တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကုန်ကားနှစ်စီးကို စစ်ကောင်စီ ဖမ်းဆီး

ရှမ်းမြောက် လားရှိုးမြို့မှာ ကျပ်သိန်း ၆၀၀ ကျော် တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကုန်ကားနှစ်စီးကို စစ်ကောင်စီရဲ့ လက်အောက်ခံ ရဲက ဖမ်းဆီးထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မူဆယ်မှာ စစ်ကောင်စီတပ်က ကျားဖျန်တွေကို ထပ်မံ ဖမ်းဆီး

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီတပ်က ကျားဖျန်တွေကို လိုက်လံ ဖမ်းဆီးနေတယ်လို့ မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ အနီးကပ် ပျံသန်းခြိမ်းခြောက်တာကြောင့် နှစ်ဖက်အကြား ယုံကြည်မှု ပျက်စီးနိုင်တယ်လို့ RCSS ပြော

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS ရဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ အနီးကပ် ပျံသန်းပြီး ခြိမ်းခြောက်ခဲ့ကြောင်း RCSS ရဲ့ ပြန်ကြားရေးဌာန Tai Freedom က ဒီနေ့ မေလ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

“ဝ”တပ်က ကျပ်ဘီလျံနဲ့ချီ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးကို တရုတ်ထံ ထပ်မံ လွှဲပြောင်း

“ဝ”တပ်မတော်- UWSA နယ်မြေအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ၃၇၀.၂၇၆ ကီလိုဂရမ်ကို ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေနဲ့အတူ တရုတ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ “ဝ”ပြည် တရားစီရင်ရေးကော်မတီ- WSP က မနေ့ မေလ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

လားရှိုး လွယ်လမ့်ရွာက သစ်သီးပွဲရုံဂိုဒေါင် မီးလောင်၊ ဆုံးရှုံးမှုများ

ရှမ်းမြောက် လားရှိုးမြို့နယ် လွယ်လမ့်ကျေးရွာက သစ်သီးပွဲရုံဂိုဒေါင်တစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ လွယ်လွမ့်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တရုတ်ကျောင်းသွားရင်း နမ့်ခမ်းက ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံး

တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ အထက(၁) ကျောင်းဝန်းထဲ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် မရှိန်းမြတ်နဒီဆိုသူဟာ တရုတ်ကျောင်း သွားရာကနေ နေအိမ်ဘက် ပြန်မလာတော့ဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူဆီက သိရပါတယ်။