ဓာတ်ပုံ – ဒေသခံ

စိန်၊ ဇွန်လ ၂၁ ရက်၊ ဖားကန့်

ကချင်ပြည် ဖားကန့်မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပြီး နေအိမ်တချို့ နစ်မြုပ်နေတယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မြို့ နန့်ရင်ချောင်း၊ နန့်ကောင်းချောင်း၊ ဥရုချောင်းရေတွေဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေအောင် ရေတက်နေတာကြောင့် ရပ်ကွက်အများစုမှာ ရေကြီးနေတာလို့ ဆိုပါတယ်။

“ရေက ဆက်တိုက်တက်နေတာ။ ရေဘေးသင့်သူတွေလည်း များတယ်။ တချို့အိမ်ဆို မြုပ်တဲ့အထိ ဖြစ်တာမျိုးတွေ အထိပါ။ မိုးက ဆက်တိုက်ရွာနေတော့ ရေကဘယ်လိုမှ မကျနိုင်ဘူး”

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကစပြီး ဖားကန့်က ငှက်ပျောတောနဲ့ အေးမြသာယာရပ်ကွက်တွေမှာ ရေစတင်ကြီးနေပြီး မနေ့ ဇွန်လ ၂၀ အထိ ရေဆက်လက်တက်နေတာကြောင့် ရေဘေးသင့်ဒေသခံတွေ ရာနဲ့ချီရှိနေတယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

“ကယ်ဆယ်ရေးအသင်းတွေဘက်ကလည်း သက်ကြီးရွယ်အို၊ ကလေးနဲ့ ကိုယ်ဝန်ဆောင်၊ နာမကျန်းသူတွေကို ဦးစားပေးပြီး အအတတ်နိုင်ဆုံး ရွှေ့ပြောင်းပေးနေကြတာ တွေ့ရပါတယ်”လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မိုးကောင်းမြို့မှာလည်း ရေကြီးရေလျှံတာကြောင့် ဒေသခံသောင်းနဲ့ချီ ရေဘေးသင့်နေပြီ အကူအညီတွေလည်း လိုအပ်နေသေးတယ်လို့ ပြောပါတယ်။

မိုးဆက်တိုက်ရွာသွန်းပြီး ရေတွေဆက်လက်တက်နေဆဲဖြစ်တာကြောင့် ရေကြီးမှုဖြစ်နေတဲ့ ရပ်ကွက်နေအိမ်နဲ့ ချောင်းဘေးတွေမှာ နေထိုင်ကြတဲ့ ကျန်ရှိနေသေးတဲ့ ဒေသခံတွေအနေနဲ့က ပြောင်းရွှေ့နေထိုင်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။