ဓာတ်ပုံ – အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း

ရွှေဖီမြေ၊ ဇွန်လ ၁၉ ရက်၊ မြိုင်

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်မှာ မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

မြိုင်မြို့နယ် သာစည်ကျေးရွာက ယာတောထဲမှာ ယာယီတဲထိုးပြီး စစ်ရှောင်‌နေတဲ့ အသက် ၆၀ ကျော်ရှိတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

“ဒေသခံ‌ ၃ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့‌တော့ ကြားတယ်။ အချက်အလက်မရနိုင်သေးလို့ အတည်မပြုနိုင်သေးဘူး။ စစ်တပ်က အဲဒီမြဇီး‌တောဘက်ကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဒေသခံတွေရဲ့ နေအိမ်တွေ လယ်ထွန်စက်တွေ၊ မြေတူးစက်၊ ဆိုင်ကယ်တွေ အကုန်မီးရှို့သွားတယ်။ ရွာဦးဘုန်းကြီးကျောင်းလည်း မီးရှို့ခဲ့တယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကလည်း မြဇီးတောရွာဘက်ကို စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ နေအိမ် ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကနေ ဇွန်လ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့က ပခုက္ကူမှာရှိတဲ့ ကျေးရွာ (၁၁) ရွာက ဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အပြင် နေအိမ်တစ်‌ထောင်ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု ထုတ်ပြန်ချက်အရ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။