အီနိုင်းရွာက အမျိုးသား ၄ ဦးကို မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ကိုးကန့်တပ် ဖမ်းဆီး၊ စစ်ယူနီဖောင်း ဝတ်ဆင်ခိုင်းပြီး ဂိတ်စောင့် လုပ်ခိုင်း

ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းရွာခံ ၄ ဦးကို မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ကိုးကန့်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ယူနီဖောင်း ဝတ်ဆင်ခိုင်းပြီး ဂိတ်စောင့်အဖြစ် လုပ်နေရကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မူဆယ်မှာ အမှိုက်တွေ စနစ်တကျ စွန့်ပစ်ကြဖို့နဲ့ အမှိုက်ကားတွေ ပုံမှန်လာပေးဖို့ ဒေသခံတွေ တောင်းဆို

တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ကြဖို့နဲ့ အမှိုက်ကားတွေ ပုံမှန်လာပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

လားရှိုးမှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတစ်ဦးကို ငွေစက္ကူအတုနဲ့အတူ ဖမ်းဆီးရမိ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ငွေစက္ကူအတု ကိုင်ဆောင်ထားတဲ့ ဒေသခံ ၃ ဦး ဖမ်းဆီးရမိကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မတ္တရာနဲ့ ဝက်လက်မြို့နယ်အစပ်က ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့၊ လင်မယား ၂ ဦး ဒဏ်ရာရပြီး စိုးရိမ်ရ

မန္တလေးတိုင်း မတ္တရာမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အစပ်ရှိ ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ Wetlet Informational Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။

ကျိုင်းတုံက အမျိုးသားတစ်ဦး ရိုက်နှက်နှိပ်စက်ခံရပြီး ဓားပြတိုက်ခံရ

ရှမ်းအရှေ့ ကျိုင်းတုံမြို့နယ်မှာ လူငယ်အမျိုးသားတစ်ဦး လမ်းသွားနေချိန် ရိုက်နှက်နှိပ်စက်ခံရပြီး ဓားပြတိုက်ခံရကြောင်း ကျိုင်းတုံရှိ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကလေးတွေသာရှိတဲ့ သီပေါက နေအိမ်တစ်အိမ်ကို အမျိုးသား ၂ ဦး သေနတ်ထောက်ပြီး ဓားပြတိုက်

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့ပေါ်က နေအိမ်တစ်အိမ်ကို အမျိုးသား ၂ ဦးဟာ သေနတ်ထောက်ပြီး ဓားပြ တိုက်ခဲ့တယ်လို့ သီပေါမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ် အောက်နမ့်ဟွယ်ရွာပိုင် ဘုံမြေကို အုပ်ချုပ်ရေးမှူးက သူ့မြေဆိုပြီး လုပ်ဆောင်နေတာကြောင့် အငြင်းပွားနေပြီး ရွာခံတွေကို တရားစွဲဖို့ အုပ်ချုပ်ရေးမှူးက လုပ်ဆောင်နေ

ရှမ်းမြောက် မူဆယ်မြို့နယ် အောက်နမ့်ဟွယ်ရွာရှိ ကျေးရွာပိုင်ဘုံမြေနဲ့ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာခံအချင်းချင်းကြား အငြင်းပွားမှု ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ပျက်စီးသွားတဲ့ နေအိမ်တစ်လုံးကို အမြင့်ဆုံး ကျပ်သိန်း ၁ ထောင် ကူညီထောက်ပံ့ပေး

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ပျက်စီးသွားတဲ့ နေအိမ်တစ်လုံးကို အမြင့်ဆုံး ကျပ်သိန်း ၁ ထောင် ကူညီထောက်ပံ့ပေး‌သွားမယ်လို့ ပြန်လည်ထူထောင်ရေး ကော်မတီအဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြိုင်မြို့နယ်က အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်၊ နေအိမ် ၄၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီး

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစုရဲ့ တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က ရွှေဖီမြေကို ပြောပါတယ်။

ဟားခါးမြို့နယ်ရှိ CDF-Hakha တပ်စခန်းနှစ်ခု လေကြောင်း တိုက်ခိုက်ခံရပြီး ရဲဘော် ၅ ဦး ကျဆုံး

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ CDF-Hakha တပ်စခန်းနှစ်ခုကို စစ်ကောင်စီတပ်က မနေ့ ဇွန်လ ၂၆ ရက် ညပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။