သိန္နီမှာ တရုတ်လုပ်ငန်းရှင်တွေ ဆက်တိုက်ဝင်ရောက်နေပြီး ဒေသခံတွေရဲ့ မြေယာတွေ ဆက်တိုက်ဝယ်ယူနေ

ကိုးကန့်တပ်- (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့နယ်မှာ တရုတ်လုပ်ငန်းရှင်တွေ ဆက်တိုက်ဝင်ရောက်နေပြီး ဒေသခံတွေရဲ့ မြေယာတွေ ဆက်တိုက်ဝယ်ယူနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ ကားဝယ်မယ်လို့ဆိုကာ ကားပွဲစားကို သတ်ပြီး ကားလုယူမှုဖြစ်ပွား၊ လူသတ်တရားခံကို မဖမ်းနိုင်သေး

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ကားဝယ်မယ်လို့ဆိုကာ ကားပွဲစားကို သတ်ပြီး ကားလုယူမှုဖြစ်ပွားခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ရှိ စစ်တပ်ရဲ့ ခလရ- ၄၁ တပ်ထဲ ရှော့တိုက်ဒုံး ၁လုံး ကျရောက်ပေါက်ကွဲ

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှိ ခြေလျင်တပ်ရင်း- ၄၁ တပ်ထဲ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ် လုံးခင်းရွာရှိ ပုဂ္ဂလိကဆေးရုံက ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၂၀ ဦးခန်ကို စစ်တပ်က ဖမ်းဆီးသွား၊ ပြန်လွှတ်ပေးဖို့ ဒေသခံတွေ တောင်းဆို

တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ဖားကန့်မြို့မှာ ပုဂ္ဂလိကဆေးရုံက ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၂၀ ဦးဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွှေဘိုအနောက်ခြမ်းက ကျေးရွာ ၁ ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ နွားနဲ့ဆိတ်တွေလည်း သေဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်းက ကျေးရွာ ၁ ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

UWSA က ကျားဖျန့်နဲ့ဆက်စပ်သူ တရုတ်နိုင်ငံသား ၇ ဦးနဲ့ တရုတ်အလိုရှိတဲ့ တရားခံ ၂ ဦးကို တရုတ်ထံ ထပ်မံအပ်နှံ

“ဝ” တပ်မတော် – UWSA က အွန်လိုင်လိမ်လည်မှု (ကျားဖျန့်) နဲ့ ဆက်စပ်မှုရှိတဲ့ တရုတ်နိုင်ငံသား ၇ ဦးနဲ့ တရုတ်အလိုရှိတဲ့ တရားခံ ၂ ဦးကို တရုတ်နိုင်ငံထံ ပြန်လည်အပ်နှံခဲ့တယ်လို့ “ဝ” ပြည်တရားစီရင်ရေးကော်မတီ – WSP က ထုတ်ပြန်ခဲ့ပါတယ်။

အမှတ်- ၁ အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) တပ်ပေါင်းစုဖွဲ့စည်းကြောင်း ကြေညာ

ရွှေဖီမြေ၊ ဧပြီ ၂၁ ရက် စစ်ရေးအစီအမံနဲ့ စုဖွဲ့မှုကောင်းပြီး တန်ပြန်တိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ဆိုပြီး တော်လှန်ရေးတပ်တွေ စုပေါင်းပြီး အမှတ်- ၁…

တန့်ဆည်မြို့က ကံထူးမရွာဈေးတန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်က ကံထူးမရွာဈေးတန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦး ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မြို့က ဝင်းထရံလုပ်ကွက်အတွင်းရှိ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံအချို့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံရ

မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းက ဝင်းထရံလုပ်ကွက်အတွင်းရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတွေက်ိုလည်း ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးပြောပြချက်အရ သိရပါတယ်။

တအာင်းဒေသမှာ မြို့နယ်အလိုက် စက်သုံးဆီစျေး အနည်းငယ် ပြန်ကျ

တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသမှာ မြို့နယ်အလိုက် စက်သုံးဆီဈေးနှုန်းက ၉၀၀၀ ကျပ်ထိ ဈေးနှုန်းအနည်းငယ်ကျဆင်းလာတယ်လို့ သိရပါတယ်။