ဓာတ်ပုံ- Local

ပို့လဘား၊ ဇွန်လ ၃၀ ရက်၊ မူဆယ်

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုး နယ်နိမိတ်အဖြစ် စိုက်ထူနေတဲ့ တရုတ်အလံတိုင်တွေဟာ မြို့နားအထိ ရောက်ရှိလာနေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

တရုတ်အလံတိုင်ဟာ မူဆယ်မြို့ထဲက မင်္ဂလာမူဆယ်ဈေးအနားရှိ ဘောလုံးကွင်းအထိ ရောက်ရှိလာပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ရွှေလီမြစ်ကမ်းအနီးဆို မြန်မာဘက်ခြမ်းမှာ ပါတယ်လေ။ အရင်က ဘောလုံးကွင်းအောက်နားမှာပဲ သူတို့အလံ စိုက်ထားတာ။ ဒီနှစ်က သူတို့ အဲဒီဘောလုံးကွင်းကနေ ၁ မိုင်လောက် အရှေ့ဘက် တိုးလာပြီး နောက်ထပ်အလံတိုင်တစ်ခု ထပ်စိုက်တယ်။ အဲဒီဘောလုံးကွင်းက ကျနော်တို့ ဘောလုံးခဏခဏ သွားကန်တဲ့‌နေရာပဲလေ။ တရုတ်တွေက သူတို့နယ်မြေယူမယ့်နေရာ‌တွေဆို အလံ အရင်စိုက်ထားတယ်”

မူဆယ်မြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့နေရာတွေမှာ တရုတ်က နယ်စပ်ခြံစည်းရိုးတစ်လျှောက် အလံတိုင်တွေကို အရင်လာရောက်စိုက်ထူပြီးမှ ခြံစည်းရိုး တည်ဆောက်တာလို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။

တရုတ်ဘက်က နယ်စပ်ခြံစည်းရိုးအသစ် ကျုးကျော်လာတဲ့‌နေရာတွေဟာ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့အပြင် ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)နဲ့ UWSA ထိန်းချုပ်ထားတဲ့ နမ့်တစ်(မန်ခါး)တို့ ဖြစ်ပါတယ်။

လက်ရှိ တရုတ်ဘက်က ခြံစည်းရိုး ကျူးကျော်ကာ ဆက်တိုက် တည်ဆောက်နေတာတွေကို လူမှုကွန်ရက်ကနေတဆင့်လည်း ဒေသခံတွေ ဖြန့်ဝေနေကြပေမဲ့ စစ်ကောင်စီအပါအဝင် MNDAA နဲ့ UWSA ဘက်က တစ်စုံတစ်ရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။

ဒါ့အပြင် တရုတ်ဘက်က နယ်စပ်ခြံစည်းရိုး ကျုးကျော်လာတဲ့အကြောင်းကိုလည်း သတင်းမရေးသားဖို့ စစ်ကောင်စီဘက်က ပြည်တွင်းပြည်ပရှိ မီဒီယာတွေကို သတိပေး ပြောဆိုထားတာတွေလည်း ရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။