စဉ့်ကူးမြို့နယ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လင်းမယား ၂ ဦးထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံး

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လင်းမယား ၂ ဦး ထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်းမှာ ရေကြီးမှုကြောင့် ဓာတ်ဆီကို အကန့်အသတ်နဲ့သာ ရောင်းချနေရ

တအာင်းတပ်ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့မှာ ရွှေလီမြစ် ရေကြီးမှုကြောင့် ဓာတ်ဆီတင်ယာဉ်တွေ ဝင်ရောက်မလာနိုင်တဲ့အတွက် ဓာတ်ဆီပြတ်လပ်လာပြီး ဆီဆိုင်တွေက ဓာတ်ဆီကို အကန့်အသတ်နဲ့သာ ရောင်းချနေတယ်လို့ နမ့်ခမ်းမှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်လန်-ကျောက်ဂူလမ်းမှာ စစ်ကောင်စီတပ်က စစ်ဆေးတင်းကြပ်ပြီး ငွေညှစ်နေ

ရှမ်းမြောက် နမ့်လန်မြို့နဲ့ ကျောက်ဂူလမ်းပေါ်ရှိ နောင်ဝိုးကျေးရွာအထွက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ သွားလာနေတဲ့ ကားသမားတွေကို စစ်ဆေးမှုတင်းကြပ်နေပြီး ငွေညှစ်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မန်တုံမှာ ထောင်ဖောက်မှုဖြစ်ပွား၊ သက်ငယ်အဓမ္မပြုကျင့်မှုနဲ့ လူသတ်မှု ကျူးလွန်သူတွေ ထွက်ပြေးလွတ်မြောက်နေ

တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့မှာ မနေ့ ဇူလိုင် ၂၀ ရက်က ထောင်ဖောက်မှုဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၁၅ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ခိုင်လှုံတဲ့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ မောင်နှမ ၂ဦးသာရှိတဲ့ နေအိမ်တစ်

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က နေအိမ်တစ်ခုမှာ အနုကြမ်းစီး ဓားပြတိုက်ခံရပြီး နေအိမ်ရှိ အမျိုးသမီး ၂ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖားကန့်မှာ စံချိန်တင်ရေကြီးရေလျှံတာတွေ ဖြစ်ပွားနေပြီး အရေးပေါ်အကူအညီ လိုအပ်နေ

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဥရုချောင်းရေကြီးမှုကြောင့် စံချိန်တင်ရေကြီးရေလျှံတာတွေ ဖြစ်ပွားနေပြီး နေအိမ်တချို့ ရေထဲနစ်မြုပ်ကာ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

တောင်ကုတ်မှာ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ရဟန်းအပါအဝင် ၁၄ ဦး ဏ်ရာရ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့မှာ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ရဟန်း တစ်ပါး အပါအဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ တအာင်းတပ် တွေ့ဆုံဆွေးနွေး

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA ရဲ့ ကိုယ်စားလှယ်တို့ နေပြည်တော်မှာ ဒီနေ့ ဇူလိုင် ၁၉ ရက် တွေ့ဆုံခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဖားကန့်မြို့နယ်ရှိ ကုဋေမော်လုပ်ကွက်ဟောင်း မြေပြိုမှုအတွင်း ပျောက်ဆုံးနေသူ ၃ ဦးကို ရှာမတွေ့သေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကုဋေမော်လုပ်ကွက်ဟောင်း မြေပြိုမှုအတွင်း ပျောက်ဆုံးနေသူ ၃ ဦးကို ရှာမတွေ့သေးကြောင်း လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မန္တလေးမှာ အာဇာနည်နေ့အခမ်းအနားတွေ မလုပ်ဖို့စစ်ကောင်စီတပ်က ပိတ်ပင်၊ ဗဟိုမီးသတ်မှာပဲ ဉဩဆွဲဖို့ခွင့်ပြု

မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ အာဇာနည်နေ့အခမ်းအနားတွေနဲ့ဉဩဆွဲမှုတွေ မလုပ်ဖို့ စစ်ကောင်စီက ပိတ်ပင်တားမြစ်ထားပြီး ဗဟိုမီးသတ်စခန်းတစ်ခုထဲမှာပဲ ဟန်ပြလုပ်ဆောင်ဖို့ ခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။