မိုင်းတစ်လုံး ပေါက်မိရာကနေ နောင်ချိုက အမျိုးသားတစ်ဦး‌ သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ မိုင်းကို ‌ပေါက်မိရာကနေ ပေါက်ကွဲလို့ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် နောင်ချိုရှိ ကြံပိုင်ရှင်အများစု ကြံခြံတွေကို ပစ်ထားရ၊ စစ်ကောင်စီက ရှင်းလင်းလင်းရေး မလုပ်ပေး

ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲက ကြံခြံတွေမှာ မြေမြှုပ်မိုင်း ရှိနေသေးတာကြောင့် ခြံပိုင်ရှင်အများစုက ကြံတွေကို မခုတ်ရဲကြဘဲ ပစ်ထားရတယ်လို့ ဒေသခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

နောင်ချိုမြို့နယ်မှာ အမျိုးသမီးတစ်ဦး မိုင်း နင်းမိပြီး သေဆုံး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် မတ်လွတ်ကျေးရွာက အမျိုးသမီးတစ်ဦးဟာ မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

တီးတိန်-ကလေး လမ်းပိုင်းမှာ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန်-ကလေး ကားလမ်းပေါ်မှာ လမ်းပြုပြင်ရေး လုပ်ကိုင်နေတဲ့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ရရှိတဲ့ဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းတော်မြို့နယ်မှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးတစ်လုံးကို ယူဆော့မိရာကနေ ပေါက်ကွဲပြီး ကလေး ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အလယ်ဆိပ်ကျေးရွာမှာ ဗုံးသီးတစ်လုံးကို ယူဆော့မိရာကနေ ပေါက်ကွဲပြီး ကလေး ၁ ဦးသေဆုံးခဲ့တယ်လို့ Indaw Revolution -IR က မနေ့ မတ်လ ၂၈ ရက်မှာ ထုတ်ပြန်လာပါတယ်။

ကွတ်ခိုင်က ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကလေး ၂ ဦး ပါဝင်၊ ၁ ဦးက ဒဏ်ရာပြင်းထန်

ရှမ်းမြောက် ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာ ရုံးဝန်းထဲမှာ လက်ကျန် ဒရုန်းဗုံး ပေါက်ကွဲမှုဖြစ်လို့ ကလေး ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နောင်ချိုမှာ အမျိုးသားတစ်ဦး မိုင်း ထပ်နင်းမိပြီး ခြေတစ်ဖက်ပြတ်၊ ကုသဖို့ ငွေကြေး အကူအညီ လိုအပ်

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် နောင်တောကျေးရွာက အမျိုးသားတစ်ဦး မိုင်း ထပ်နင်းမိပြီး ခြေတစ်ဖက် ဖြတ်လိုက်ရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

နောင်ချိုမှာ ထင်းခုတ်ဖို့ သွားတဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ဖြတ်လိုက်ရ၊ ဆေးကုသဖို့ ငွေကြေးအကူအညီလိုအပ်နေ

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာအုပ်စု နောင်လိပ်ရွာက အမျိုးသားတစ်ဦးဟာ ထင်းသွားခုတ်ရင်း မြေမြှုပ်မိုင်း နင်းမိခဲ့တာကြောင့် ဘယ်ဖက်ခြေထောက် ဖြတ်လိုက်ရတယ်လို့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဇီးပင်ကြီးအနီးရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်အနီးမှာ ခရီးသည် ၂ ဦး မိုင်းနင်းမိ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရွာရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်အနီးမှာ ခရီးသည် အမျိုးသမီး ၂ ဦး မိုင်းနင်းမိခဲ့ကြောင်း မြေပြင်ရှိ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဂွမြို့နယ်မှာ မပေါက်ကွဲသေးတဲ့ RPG ဗုံးသီး ၁ လုံး ယူဆော့မိလို့ ပေါက်ကွဲပြီး ကလေးငယ် ‌၁ ဦး သေဆုံး

ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ မပေါက်ကွဲသေးတဲ့ RPG ဗုံးသီး ၁ လုံးကို ယူဆော့မိတဲ့ ကလေးငယ် ၃ ဦးထဲမှ ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။