စုဆောင်းရေးထဲကနေ ပြန်လွှတ်လာတဲ့ ကျောင်းသူရဲ့ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာတာ မရှိသေး
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုမှာ စုဆောင်းရေးထဲပါသွားပြီး ဒဏ်ရာတွေနဲ့ ပြန်လည်ထွက်ပြေး လွတ်မြောက်လာခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် ကျောင်းသူရဲ့ ကျန်းမာရေးအခြေအနေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နမ္မတူ ပန်လုံရွာက အမျိုးသား ၂ ဦး နမ့်မြီးချောင်းမှာ ငါးမိုင်း ခွဲရင်း ကြိုးမိုင်း နင်းမိလို့ ၁ ဦး သေဆုံး
ရှမ်းမြောက် နမ္မတူမြို့နယ် ပန်လုံကျေးရွာက အမျိုးသား ၂ ဦး နမ့်မြီးချောင်းမှာ ငါးမိုင်း ခွဲရင်း ကြိုးမိုင်း နင်းမိလို့ ၁ ဦး သေဆုံးခဲ့တယ်လို့ သေဆုံးသူ အမျိုးသားနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကောင်းတပ်ရွာခံတွေကို PSLF/TNLA က တောင်းပန်၊ နစ်နာဆုံးရှုံးမှုအပေါ် တာဝန်ယူဆောင်ရွက်သွားမယ်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဒုဥက္ကဌ(၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနဲ့ ဒုဥက္ကဌ(၂) ဗိုလ်ချုပ် တားခူလန်၊ အထွေထွေ အတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပန်လတို့ ဦးဆောင်ပြီး ကောင်းတပ်ရွာ ပေါက်ကွဲမှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့သူတွေနဲ တွေ့ဆုံပြီး တောင်းပန်ခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်လာပါတယ်။