ဂေါႇမိုႈအိုမ်ပျြံင်ထာတ်ကတ်ုတ် စီပဲန်ဖုင်လံပ်ငိူပ်မေန်းကဲ ကတူႈခည်းကီန်းဒည်း ကဆီုဝ်လံပ်တိူဝ်ႈတိုန်း အီဆူနာ
ကဲအီရေဲန်ဇီုင်းကာန် လံပ်ငိူပ်မေန်းကဲနီန် က္လာင်းဒါႈ ဂေါႇငေါႈခံန်အိုမ်ပျြံင်ထာတ်ကာည်း ဂေါႇမိုႈအိုမ်ပျြံင်ထာတ် ပကပီုန်ဆျှံမ်ကဒါႇပိူည်နီန် ကတ်ုတ်ဟာဝ်း စီပဲန်ဖုင်လံပ်ငိူပ်မေန်းကဲ ဂီုည်ကတူႈအူန်းကီန်းဒည်း ကဆီုဝ်ဇီုင်းကာန် လံပ်တိူဝ်ႈတိုန်း အီဆူနာကဲနီန်အောႏ။
တန့်ယန်းနယ်က ကလေးငယ်တစ်ဦး နာတာရှည်အဖျားကြီးရောဂါဖြစ်ပေမယ့် မိဘတွေက ဆင်းရဲလွန်းတာကြောင့် ရိုးရာနည်းနဲ့သာ ကုနေလို့ ရောဂါက ဆိုးရွားလာနေ
ရှမ်းမြောက် တန့်ယန်းမြို့နယ်က ကလေးငယ်တစ်ဦးဟာ နာတာရှည် အဖျားကြီးရောဂါဖြစ်နေပေမဲ့ ဆေးဝါးကုသဖို့ ငွေကြေးမတတ်နိုင်တာကြောင့် ဒေသရိုးရာကုထုံးနဲ့သာ ကုနေပေမဲ့ မသက်သာတဲ့အပြင် ရောဂါပိုဆိုးရွားလာတာကြောင့် အကူအညီ လိုအပ်နေကြောင်း ကူညီပေးနေတဲ့ အမျိုးသမီးရဲ့ပြောပြချက်အရ သိရပါတယ်။
ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာရေးနယ်ပယ်အတွက် လူငယ်တွေ အဆင်သင့်ဖြစ်အောင် ဒီပလိုမာပေးအပ်နိုင်မယ့် အင်္ဂလိပ်ကျောင်း တအာင်းဒေသမှာ ဖွင့်လှစ်မယ်
ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာရေး၊ လုပ်ငန်းခွင်နယ်ပယ်တွေအတွက် လူငယ်တွေ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ အင်္ဂလိပ်စာဒီပလိုမာ – Diploma in English အစီအစဉ်ကို တအာင်းဒေသမှာ စတင်အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။
ပန်ဆိုင်း(ကြူကုတ်)မှာ အလုပ်သွားလုပ်တဲ့ သိန္နီမြို့က လူငယ်တစ်ဦး ပြန်ပေးဆွဲခံရပြီး သိန်း ၄၅၀ နဲ့ ပြန်ရွေးခိုင်း၊ မိသားစုက ရှိသမျှပစ္စည်း ထုခွဲပြီး သိန်း ၁၇၀ လွှဲပေးခဲ့ပေမဲ့ အဆက်အသွယ် ပြတ်တောက်သွား
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်း(ကြူကုတ်)မှာ အလုပ်သွားလုပ်နေတဲ့ သိန္နီမြို့နယ်က လူငယ်တစ်ဦးကို လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီး သိန်း ၄၅၀ ပေးမှ ပြန်လွှတ်ပေးမယ်လို့ မိသားစုဝင်ဆီ ပြောဆိုခဲ့တယ်လို့ နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။
နမ့်ဖတ်ကာ TNLA ရဲစခန်းအနီးရှိ တအာင်းလူမျိုးရဲ့ နေအိမ်တွေကို ကိုးကန့်တပ်က ပြန်လည်နေထိုင်ခွင့် မပေးသေး
ကချင်တပ်မတော်- KIA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ တအာင်းတပ်- TNLA ရဲ့ ရဲစခန်းအနီးရှိ တအာင်းလူမျိုးရဲ့ နေအိမ်တွေကို ကိုးကန့်တပ်က ပြန်လည်နေထိုင်ခွင့် မပေးသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။