မူဆယ်မှာ မူးယစ်ဆေးစွဲတဲ့ ပိုင်ရှင်မဲ့ အမျိုးသမီးအလောင်း ၁ လောင်း တွေ့ရှိ

စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးတဲ့ အမျိုးသမီးအလောင်း ၁ လောင်း တွေ့ရှိခဲ့တယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ဆန်က ရွှေဖီဦး လက်ဖက်ရွက်စိမ်း တစ်ပိဿာ ၄၀၀၀ ကျော် ဈေးရှိ၊ တဟုန်ထိုး တက်နေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် လက်ဖက်တောင်သူတွေ အခက်တွေ့နေရဆဲ

တအာင်းဒေသ နမ့်ဆန်မြို့နယ်မှာ ရွှေဖီဦး လက်ဖက်ရွက်စိမ်း တစ်ပိသာကို ကျပ် ၄၀၀၀ ကစပြီး ဈေးရနေကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မိုးမိတ် – တွင်းငယ်လမ်းပိုင်းကို စစ်ကောင်စီတပ် ထိန်းချုပ်

ရှမ်းမြောက် မိုးမိတ်မြို့နှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က တွင်းငယ်လမ်းပိုင်းကို စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်လိုက်ပြီလို့ မြေပြင်သတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ KIA၊ SSPP ရဲ့ စစ်ဆေးရေးဂိတ်တွေ ဖယ်ရှားထား

လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာရှိတဲ့ ကချင်တပ်မတော်- KIA ရဲ့ စစ်ဆေးရေးဂိတ်အပါအဝင် နမ့်ဖတ်ကာနဲ့ မူဆယ် (၁၀၅) မိုင်မှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့ စစ်ဆေးရေးဂိတ်တွေ ဖယ်ရှားလိုက်ပြီလို့ ကားသမားတွေဆီက သိရပါတယ်။

မူဆယ်နဲ့ နမ့်ခမ်းမှာ တရုတ်ယွမ် ၁၀၀ ကို ၅ သောင်းကျော်ကနေ ၆ သောင်း ကျော်အထိ မြှင့်တက်

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့နဲ့ နမ့်ခမ်းမြို့မှာ ဒီနေ့ မတ်လ ၂၄ ရက် မနက်ပိုင်းအထိ တရုတ်ယွမ် ၁၀၀ ကို မြန်မာငွေ ၆ သောင်းကျော်အထိ မြှင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ဖမ်းဆီးခံရသူတွေထဲက သီပေါဒေသခံ ၂၃ ဦးလည်း ပြန်မလွှတ်သေး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ဖမ်းဆီးခံရသူတွေထဲက သီပေါဒေသခံ ၂၃ ဦးဟာ ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ်ရဲ့ ကွတ်ခိုင်ထိုးစစ်အတွင်း အနည်းဆုံး နေအိမ် ၁၂ အိမ်၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့

ကွတ်ခိုင်မှာ ကိုးကန့်တပ်- MNDAA က တအာင်းတပ်- TNLA ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း အနည်းဆုံး နေအိမ် ၁၂ အိမ်၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

MNDAA ဖမ်းထားတဲ့ TNLA တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေး

ကိုးကန့်တပ်မတော်- MNDAA ဖမ်းဆီးထားတဲ့ တအာင်းတပ်မတော်- TNLA ရဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးလိုက်ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တီးတိန်မြို့နယ်ရှိ PDA စခန်းကို ZRA အဖွဲ့က ဝင်ရောက်စီးနင်းပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိ

ချင်းပြည်နယ် တီးတိန်မြို့နယ် ဂဲလ်ဇန်းရွာအနီးမှာ အခြေစိုက်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDA ရဲ့စခန်းကို ဇိုမီး တော်လှန်ရေး တပ်မတော်- ZRA က တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ZRA က မနေ့ မတ်လ ၂၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မုံရွာ-မန္တလေးလမ်းပေါ် ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို PLA တပ်နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်လို့ ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်း ဂွေးပင်တောနဲ့ ဘိုးမင်းကြီးကင်းရွာကြားမှာ ကုန်တင်ကားတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အရာရှိတစ်ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ PLA ဘက်က ထုတ်ပြန်လာပါတယ်။