ဓာတ်ပုံ- Local

သုတ၊ မတ်လ ၂၄ ရက်၊ ၁ဝ၅ မိုင်

ကိုးကန့်တပ်မတော်- MNDAA ဖမ်းဆီးထားတဲ့ တအာင်းတပ်မတော်- TNLA ရဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးလိုက်ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မနေ့က သိန္နီကနေ အယောက် ၅၀ လွှတ်ပေးတယ်။ တခြားနေရာတွေမှာ ဖမ်းထားတဲ့သူတွေလည်း လွှတ်လာပြီ။ သိမ်းဆည်းထားတဲ့ လက်နက်ခဲယမ်းတွေကိုလည်း ပြန်အပ်တာ ရှိတယ်”

ကွတ်ခိုင်တိုက်ပွဲအတွင်း နမ့်ဖတ်ကာ၊ ၁၀၅ မိုင်၊ သိန္နီ၊ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ထဲက တအာင်းတပ်ဖွဲ့ဝင် ၁၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ တအာင်းတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကစပြီး ကွတ်ခိုင်မြို့အပါအဝင် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ နမ့်ဖတ်ကာ၊ မူဆယ် ၁၀၅ မိုင်က TNLA ရဲ့ တပ်စခန်းတွေကို MNDAA တိုက်ခိုက်ဖယ်ရှားခဲ့ပါတယ်။

MNDAA နဲ့ TNLA အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို တွေ့ဆုံဖြေရှင်းနိုင်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေ လောက်ကိုင်မြို့မှာ တွေ့ဆုံခဲ့ပြီး မတ်လ ၂၁ ရက်ကစလို့ နှစ်ဖက်တပ် အပစ်ရပ်ရေးအပါအဝင် နယ်မြေကိစ္စနဲ့ ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်လည် လွှဲပြောင်းရေးကို သဘောတူခဲ့ကြပါတယ်။

လက်ရှိမှာ ကွတ်ခိုင်မြို့ကို MNDAA အုပ်ချုပ်သွားမှာဖြစ်ပြီး မူဆယ် ၁၀၅ မိုင်မှာတော့ PSLF/TNLA ရဲ့ အလံတွေကို ဒီနေ့ မတ်လ ၂၄ ရက်မှာ ပြန်လည်လွှင့်ထူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို တိုက်ခိုက်ဖို့ နမ့်ဖတ်ကာနဲ့ နမ့်ခမ်းကြားရှိ ၁၂ မိုင်ရွာဘက်ကနေ ကိုးကန့်တပ်ဖွဲ့ဝင်တချို့ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။