ရွှေဖီမြေ၊ မတ်လ ၂၅ ရက်၊ နမ့်ဆန်

‎တအာင်းဒေသ နမ့်ဆန်မြို့နယ်မှာ ရွှေဖီဦး လက်ဖက်ရွက်စိမ်း တစ်ပိသာကို ကျပ် ၄၀၀၀ ကစပြီး ဈေးရနေကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မတ်လ ဒုတိယအပတ်ကစပြီး နမ့်ဆန်မြို့နယ် မြို့သစ်၊ ကွမ်ဟယ်နဲ့ လွယ်ခမ်း စတဲ့ ကျေးရွာအပြင် မြို့ပေါ်မှာပါ ရွှေဖီမိုးလွတ် လက်ဖက်ရွက်စိမ်း ၁ ပိသာကို ၄၀၀၀ ကျပ်ကစပြီး ပေးဝယ်နေကြတာ ဖြစ်ပါတယ်။

‎ကွမ်ဟယ်ရွာမှ အမျိုးသားတစ်ဦးက “ဒီက စက်ရုံတွေက အမျိုးအစားပေါ်ခွဲပြီး ဈေးက ခွဲပေးတာ။ ၄၀၀၀ ကစပြီး ပေးဝယ်တာဖြစ်တယ်” လို့ ပြောပါတယ်။

‎အလားတူ မြို့သစ်ကျေးရွာအုပ်စုမှာလည်း လက်ဖက်ရွက်စိမ်း တစ်ပိဿာ ၄၀၀၀ ဝန်းကျင်နဲ့ စပြီး ပေးဝယ်နေတယ်လို့ ရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

‎ငွန်ဆိုင်းမှာ ရွက်စိမ်းစျေး Green Tea ထုတ်တဲ့ G_1 အဆင့်က ၅၀၀၀ ကျပ်၊ G_2 က ၄၅၀၀နဲ့ G_3 က ၄၀၀၀ ကျပ် အဆင့်ဆင့်ခွဲပြီး ပေးဝယ်နေသလို လွယ်ခမ်း နဂါးပျံ အချိုခြောက်စက်ရုံမှာလည်း ၄၅၀၀၊ ၄၂၀၀ ကျပ်နဲ့ စတင်ဝယ်ယူနေတာ ဖြစ်တယ်လို့ နမ့်ဆန်ရှိ ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းရဲ့ ပြောပြချက်အရ သိရပါတယ်။

‎အခုနှစ် လက်ဖက်ဈေး တစ်ပိသာဟာ ၄၀၀၀ ဝန်းကျင်ရပေမဲ့ တစ်ဟုန်ထိုး တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ပါက အခြေခံအစားအသောက်အတွက်တောင် မလောက်ငှတာကြောင့် အခက်ကြုံနေရဆဲ ဖြစ်ကြောင်း လက်ဖက်တောင်သူတွေက ဆိုပါတယ်။

‎အလားတူ ကျောက်မဲမြို့နယ်က တချို့ကျေးရွာမှာ လက်ဖက်ရွက်စိမ်း တစ်ပိသာ ၃၀၀၀ ကျပ် ဝန်းကျင်သာရပြီး မန်တုံမြို့နယ်မှာလည်း တစ်ပိသာကို ၂၀၀၀ ကျပ် နီးပါးသာ ဈေးရနေကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။