ဦးမင်းအောင်လှိုင်အစိုးရအား ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့တာမျိုး မရှိဘူးလို့ ကိုးကန့်တပ်ပြော

ဦးမင်းအောင်လှိုင် အစိုးရသစ်ကို ကြိုဆိုကြောင်း ကိုးကန့်တပ်-MNDAAဘက်က သဝဏ်လွှာပေးပို့တာမျိုး မရှိဘူးလို့ ကိုးကန့်တပ်ရဲ့ တာဝန်ရှိသူတွေက သူတို့ရဲ့ မဟာမိတ်တွေကို ပြောဆိုထားပါတယ်။

UWSA တရုတ်နိုင်ငံသားတွေကို နေ့စဉ်ပြန်ပို့နေ၊ ဒီနေ့လည်း ကျားဖျန့်နဲ့ ဆက်စပ်သူ ၃၀ ဦးပြန်ပို့

“ဝ” တပ်မတော် – UWSA က အွန်လိုင်းငွေလိမ်လည်မှု (ကျားဖျန့်) နဲ့ ဆက်စပ်သူ တရုတ်နိုင်ငံသား ၃၀ ဦးကို တရုတ်နိုင်ငံထံ ထပ်မံအပ်နှံလိုက်တယ်လို့ “ဝ” ပြည်တရားစီရင်ရေး ကော်မတီ – WSP က ဒီနေ့ ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ လက်ပံတန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံ ၄ ဦးသေဆုံး

ပဲခူးတိုင်း လက်ပံတန်းမြို့နယ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရတာကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပလာဆေဝ် ဒါႈဖါ်ႈနံင်ဇိူရ်ႈကားနီန်စီ ပျံမ်းဟာဝ်းဖါ်ႈ က်ုရ်ရံရ်နီန်စီ ဖါ်ႇဟာဝ်းကား၊ ညှံမ်ဘိူန်းစိတိုည်းကညာအီပျံမ်းဟာဝ်းတိုအီးနီန်

တိုအီးကီုင်းလာဆေဝ်ကဲ က္လာင်းတဖုင်ဆျှိုည်ဖီမျေဒါႈ ဒီဘိူန်းတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲတထိင်ခြဲ ပကပီုန်ဆျှံမ်ကဒါႇပိူည် ခေဲင်ကီုင်းလာဆေဝ်နီန် ဒါႈဖါ်ႈနံင်ဇိူရ်ႈကား ပျံမ်းဟာဝ်းဖါ်ႈကညာက်ုရ်ရံရ်နီန်စီ ဖါ်ႇဟာဝ်းကားအ်ုန်အောႏ။

Dozens of Military Council helicopters seen taking off and landing daily in Muse

Shwe Phee Myay, Apr 22, Muse Locals in the junta-controlled border town…

ဝက်လက်မြို့နယ်က စာသင်ကျောင်းကို စစ်ကောင်စီတပ်က ‌အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦးသေဆုံးပြီး ကျောင်းသူ/ကျောင်းသားအပါ ၁၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်က ‌အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် သရက်ချောင်းမြို့နယ်က ကလေးငယ် ၁ ဦး အပါအဝင် KNLA ရဲဘော် ၄ ဦး သေဆုံး

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ‎‌စော‌နယ်ဒါးမြ‌ ဦးဆောင်တဲ့ ကော်သူးလေအာမီ- KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် KNLA ရဲဘော် ၄ ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး – KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ နေအိမ် ၂ လုံးထိပျက်စီး

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်က ပျဥ်းမပင်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၂ လုံး မီးပျက်စီးခဲ့ပြီး ဒေသခံ ၁ ဦးလည်း ထိမှန်ဒဏ်ရာရသွားခဲ့တယ်လို့ KNU ကဒီနေ့ ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သိန္နီမှာ တရုတ်လုပ်ငန်းရှင်တွေ ဆက်တိုက်ဝင်ရောက်နေပြီး ဒေသခံတွေရဲ့ မြေယာတွေ ဆက်တိုက်ဝယ်ယူနေ

ကိုးကန့်တပ်- (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့နယ်မှာ တရုတ်လုပ်ငန်းရှင်တွေ ဆက်တိုက်ဝင်ရောက်နေပြီး ဒေသခံတွေရဲ့ မြေယာတွေ ဆက်တိုက်ဝယ်ယူနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ ကားဝယ်မယ်လို့ဆိုကာ ကားပွဲစားကို သတ်ပြီး ကားလုယူမှုဖြစ်ပွား၊ လူသတ်တရားခံကို မဖမ်းနိုင်သေး

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ကားဝယ်မယ်လို့ဆိုကာ ကားပွဲစားကို သတ်ပြီး ကားလုယူမှုဖြစ်ပွားခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။