အလင်း၊ မေလ ၁၈ ရက်၊ ကန်ပက်လက်

ချင်းညီနောင်- CB က ၂ နှစ်ကြာ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ဘက် စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကန်ပက်လက်မြို့နဲ့ ပိုမိုနီးကပ်လာပြီ ဖြစ်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မကွေးတိုင်း ဆောမြို့ကနေတဆင့် ပြီးခဲ့တဲ့ မေလ ၁၆ ရက်ကတည်းက စစ်ကြောင်း ထိုးတက်လာတာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ကန်ပက်လက်မြို့အနီးရှိ ၆ မိုင်အနီး ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်က စစ်ကြောင်းကို ဒီနေ့ မေလ ၁၈ ရက် မနက်ပိုင်းမှာ Y-12 လေယာဉ်တစ်စီးနဲ့ လက်နက်ခဲယမ်းအပြင် ရိက္ခာတွေကိုလည်း လေကြောင်းကနေတဆင့် ချပေးနေတယ်လို့ သိရပါတယ်။

“၆ မိုင်အနားမှာ စစ်ကြောင်းတွေ ရောက်ပြီ။ မြို့နဲ့အတော်လေး နီးလာပြီ ပြောလို့ရတယ်။ ထိတွေ့မှုက မရှိသေးဘူး။ ဒီမနက် လက်နက်ခဲယမ်း အထုတ်အပိုးတွေ ချပေးသွားတယ်” လို့ ကန်ပက်လက်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကြောင်း ချီတက်ရာ လမ်းတလျှောက်ကို Y-12 လေယာဉ်နဲ့ လမ်းရှင်းပစ်ခတ်မှု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

လက်ရှိ စစ်ကောင်စီ စစ်ကြောင်းနဲ့ ချင်းကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ မရှိသေးပေမဲ့ တိုက်ပွဲဟာ အချိန်မရွေး ဖြစ်လာနိုင်တာကြောင့် လူထုတွေအနေနဲ့ လတ်တလော စစ်ရေးအခြေအနေ သတိရှိဖို့ မြို့နယ် ပကဖအဖွဲ့က တိုက်တွန်းထားပါတယ်။

စစ်တပ်ဟာ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ကန်ပက်လက်နဲ့ မင်းတပ်မြို့ကို ပြန်လည် သိမ်းပိုက်ရရှိရေးအတွက် ပြီးခဲ့တဲ့ ဧပြီလကတည်းက ဆောမြို့ကနေတဆင့် ချင်းတောင်ပိုင်းဘက် စစ်ကြောင်း ထိုးနေတာပဲ ဖြစ်ပါတယ်။

စစ်ကြောင်းမထိုးမီ ဆောမြို့ကို အသစ်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ မေလ ၁၄ ရက်က မြို့ခံလူငယ် ၁၀ ဦးထက်မနည်းကိုလည်း အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီးနောက် သုံးရက်အကြာ မေလ ၁၇ ရက်မှာ လူငယ်အားလုံး ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။