သုတ၊ မေလ ၁၇ ရက်၊ မူဆယ်

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး ရန်ကုန်ကနေ တက်လာတဲ့ အသက် ၁၇ နှစ်အရွယ် မခင်သီတာစန်းဟာ မူဆယ်မြို့ရှိ အခန်းတစ်ခုမှာ ထိန်းသိမ်းထားခံရတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မေလ ၁၆ ရက်မှာ မခင်သီတာစန်းကို ၎င်းရဲ့မိခင်ဖြစ်သူနဲ့ Viber ကနေတဆင့် ဖုန်းဆက်သွယ်ခွင့်ပေးပြီး ဘယ်နေရာမှာ ရှိနေကြောင်းနဲ့ ဘာအလုပ်လုပ်ကိုင်ကြောင်း ပြောဆိုတာ မရှိတာကြောင်း မခင်သီတာစန်းရဲ့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သမီးဖုန်းကိုခေါ်တာ ဖုန်းတော့ကိုင်တယ်။ ဘာမှ မပြောလာဘူး။ နောက်တော့ ဖုန်းချပြီး Viber ကနေတဆင့် ကျမကို ပြောလာတယ်။ သမီး အဆင်ပြေကြောင်း ပြောတာပေါ့။ ဘာအလုပ်လုပ်နေလဲ မေးတော့ စက်ရုံ ဆင်းတယ်ပဲ ပြောတယ်။ ဘာစက်ရုံလဲ မေးတော့ မဖြေဘူး။ နောက်တော့ ကျမဖုန်းကို Block သွားတယ်” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မခင်သီတာစန်းဟာ မူဆယ်မြို့ကို ရောက်လာတာ ရက်ပိုင်းပဲ ရှိသေးပေမဲ့ မိခင်ဖြစ်သူကို ငွေ လွှဲပေးရမယ်လို့ ပြောဆိုနေတာကြောင့် လူကုန်ကူးခံရမှာကို စိုးရိမ်နေရတယ်လို့ ၎င်းက ဆက်ပြောပြပါတယ်။

မခင်သီတာစန်းဟာ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၅ ရက်မှာ မန္တလေးမြို့ရှိ အမျိုးသမီးတစ်ဦးက မူဆယ်မြို့ရှိ အထည်ချုပ်စက်ရုံမှာ လစာ ကောင်းတယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပြီးတော့ လက်ရှိ အခန်းတစ်ခုထဲ ပိတ်လှောင်ခံနေရတယ်လို့ ဆိုပါတယ်။

မခင်သီတာစန်းဟာ ဧရာဝတီတိုင်း လပတ္တာမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ၎င်းတို့ တွေ့ရှိတဲ့သူတွေအနေနဲ့ မိသားစုရဲ့ ဖုန်းနံပါတ် 09-424 070 251 ကို ဆက်သွယ်ပေးဖို့ တောင်းဆိုထားပါတယ်။

မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး လိမ်လည်ခံရတဲ့ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် အလွယ်တကူ မယုံကြဖို့ လူမှုကူညီရေးအသင်းတွေက တိုက်တွန်းထားကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။