မြိုင်မြို့နယ်ပေါ် က စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်
မကွေးတိုင်း မြိုင်မြို့နယ်အရှေ့ဘက်က စစ်ကောင်စီတပ်ရဲ့ အထိုင်ချဂိတ်တစ်ခုကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
နိုင်ငံတော်ရဲ့ မေတ္တာနဲ့စေတနာကို နားလည်စေဖို့ဆိုပြီး မင်းအောင်လှိုင်အမိန့်နဲ့ စစ်ကောင်စီတပ် ဖမ်းဆီးခဲ့တဲ့ အကျဥ်းသူ၊ အကျဉ်သား ၁၅၀၀ ကျော်ပြန်လွှတ်ပေးတယ်လို့ ဆို
သမ္မတရာထူးရယူထားတဲ့ စစ်ခေါင်းဆောင်ဦးမင်းအောင်လှိုင်အမိန့်နဲ့ စစ်ကောင်စီတပ်ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အကျဉ်းသူ၊အကျဉ်းသား ၁၅၁၉ ဦးကို ဒီနေ့ ဧပြီ ၃၀ ရက် နက်ခင်းပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မန္တလေးမှာ လေပြင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးနဲ့ သစ်ပင်တချို့ ပြိုကျပြီး လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
မန္တလေးမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ လေပြင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးနဲ့ သစ်ပင်တချို့ ပြိုကျပျက်စီးမှု ရှိခဲ့ပြီး လူ ၁၀ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေးသမားတွေက ရွှေဖီမြေကို ပြောပါတယ်။
ကိုးကန့်တပ်က သတ်မှတ်ထားတဲ့ ယာဉ်လိုင်စင် ဆောင်ထားပေမဲ့ ဟိုပန်တံတားရှိ အစောင့်တပ်သားတွေက ကားသမားတွေထံ ငွေထပ်တောင်းလို့ ကားသမားတွေ အခက်တွေ့နေ
ရှမ်းမြောက် ဟိုပန်မြို့နဲ့ ကွမ်လုံမြို့ကြားရှိ ဟိုပန်တံတားမှာ ကိုးကန့်အစောင့်တပ်သားတွေက ကားသမားတွေထံ ငွေတောင်းယူတာ ရှိနေတယ်လို့ ပေးဆောင်ခဲ့ရတဲ့ ကားသမားနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မန္တလေးမှာ အလုပ်လုပ်နေတဲ့ မန်တုံမြို့နယ်က အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရှေ့တန်းပို့
မန္တလေးမြို့မှာ အလုပ်လုပ်နေတဲ့ တအာင်းဒေသ မန်တုံမြို့နယ် လွယ်ဆောင်ရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ရှေ့တန်းကို ပို့ဆောင်ခဲ့ကြောင်း သူနဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။